NEWS

မတရားဖမ်းဆီး ခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ ပြီး သေဆုံးသူ ၇ ဦး ရှိဟု IPCM ထုတ်ပြန်

CoverLogo
142 Views
 
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မှ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၂၅ ရက် အထိ စစ်အာဏာသိမ်းပြီး လေးနှစ် တာကာလ အတွင်း မတရားဖမ်းဆီးခံရတဲ့ သတင်းမီဒီယာသမား ၂၀၀ကျော် ရှိကာ သေဆုံးသူ ၇ဦးရှိတယ်လို့ သတင်းမီဒီယာကောင်စီ IPCM က ထုတ်ပြန်ထားပါတယ်။
လေးနှစ်တာကာလအတွင်း သတင်းမီဒီယာသမား (၂၀၀)ကျော် ကို စစ်ကောင်စီက မတရားဖမ်းဆီး အရေးယူခဲ့ကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ ပုဒ်မ ၁၂၄-က၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ-၁၇(၁)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆-ဃ၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ ပုဒ်မ-(၅)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၇ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများ အစရှိတဲ့ ရာဇဝတ်မှုများဖြင့်အရေးယူခဲ့ကာ အများဆုံးအသုံးပြုခဲ့ တဲ့ ဥပဒေပုဒ်မများ ဟာ ၅၀၅-က၊ ၅၀၅-ခ နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ တွေ ဖြစ် တယ်လို့ ဆိုပါတယ်။
သတင်းသမားဦးရေ (၂၀၀) ကျော် ကို နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီး မှာ သတင်းသမား အနည်းဆုံး (၃၀) ကျော်မှ အများဆုံး (၆၀) ဝန်းကျင်အထိ ထိမ်းသိမ်းခံခဲ့ရကာ ယခုလက်ရှိ ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ ( ၂၅) ရက်နေ့ စာရင်းအရ သတင်းမီဒီယာသမား (၄၃) ဦး အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရဆဲ ဖြစ်ကာ ထောင်ဒဏ်တစ်သက်အပါအဝင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သတင်းမီဒီယာသမား (၁၁) ဦး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုနဲ့ သတ်ဖြတ်မှု တွေ ကြောင့် လေးနှစ်တာ ကာလ အတွင်း သေဆုံးခဲ့ရ တဲ့ သတင်းမီဒီယာသမား စုစုပေါင်း(၇)ဦး ရှိခဲ့ ပြီး သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေစဉ်အတွင်း အသက်ဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
စစ်ကောင်စီက သတင်းမီဒီယာလုပ်ငန်း (၁၅)ခုရဲ့ လုပ်ငန်းလိုင်စင် တွေ ကိုလည်း ရုတ်သိမ်းခဲ့ပြီး သတင်းမီဒီယာနဲ့ ဆက်စပ်နေတဲ့ မီဒီယာဆိုင်ရာဥပဒေများကို တဖက်သတ် ပြုပြင်ပြဌာန်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မီဒီယာအပေါ် ဖိနှိပ်မှု ပြင်းထန် တဲ့ အတွက် သတင်းမီဒီယာသမားများနှင့် သတင်း မီဒီယာလုပ်ငန်းများဟာ သတင်းလွတ်လပ်ခွင့် အခြေခံပေးထားချက်များအရ ရပ်တည်နိုင်ခြင်းမရှိတော့ ဘဲ ကမ္ဘာ့အဆိုးဆုံးသတင်းလွတ်လပ်ခွင့်ထိပါးဖိနှိပ်ခံရသော ထိပ်တန်းနိုင်ငံများစာရင်း မှာ ပါဝင်နေသည် အထိ အန္တရာယ် ကျရောက်နေပြီဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီ IPCM က ဆိုထားပါတယ်။
ဒါ့ကြောင့် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ကာကွယ် မြှင့်တင်ရေးအတွက်သော်လည်းကောင်း သတင်းမီဒီယာသမားများ သတင်းမီဒီယာအလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထား လုပ်ဆောင်ပေးကြပါရန်နဲ့ သတင်းမီဒီယာ သမားများ ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း တွေ ကို ဆန့်ကျင်ရှုတ်ချပြီး ကျူးလွန်မှုများ အတွက် တာဝန်ခံမှုရှိစေရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနဲ့ အလေးအနက် တောင်းဆိုလိုက်တယ်လို့ ထုတ် ပြန်ထားပါတယ်။

Related posts

Cover
ပြည်ပ ခွင့်ပြန် လုပ်သားများ  အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရမှ ပြန်ထွက်ခွင့်ရမည်
Mar 12, 2025
Cover
OWIC ကတ် ပိတ်ထားမှု ပြည်ပ ခွင့်ပြန်အလုပ်သမားများ အခက်အခဲ ဆုံးရှုံးမှုများနှင့် ကြုံရ
Mar 05, 2025
Cover
ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို   နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို
Mar 05, 2025
Cover
လုပ်ငန်းတွေရပ်ထားရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းသမားတွေ ထောက်ပံ့မှုလျှောက်ထားနိုင်
Mar 04, 2025
Cover
စစ်ကောင်စီရဲ့ငွေစက္ကူအစားထိုး ဒစ်ဂျစ်တယ်ငွေကြေးစနစ် အပေါ်  ဝေဖန်မှုတွေရှိနေ
Feb 28, 2025
Cover
စစ်ကောင်စီက မလေးရှားရောက်  မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း  ပြင်းပြင်းထန်ထန် ဖမ်းဆီးခေါ်ယူနေ
Feb 28, 2025
Cover
ဂျပန်စကား ပြောနိုင်တဲ့  မြန်မာ တွေကိုအသုံးချပြီး လိမ်လည်မှုတွေ လုပ်ဆောင်လာနိုင်လို့ ဂျပန်သံရုံး သတိပေး
Feb 28, 2025
Cover
လပွတ္တာမြို့မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိလူငယ်တွေအားလုံးကို ဗလာမပါမဲနှိုက်ခိုင်းပြီး စစ်မှုထမ်းခေါ်ရန်ကြိုးပမ်းနေ
Feb 27, 2025