NEWS

ထိုင်းနဲ့ မလေးရှားက ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကို   နေရပ်ပြန်မပို့ရေး ယူကေရောက်မြန်မာတွေတောင်းဆို

CoverLogo
927 Views

ထိုင်းနဲ့ မလေးရှားနိုင်ငံ ရောက်  အထောက်အထားမပြည့်စုံ တဲ့မြန်မာအလုပ်သမားတွေ အတင်းအကြပ် ဖမ်းဆီးပြီး ကို  နေရပ်ကို ပြန်ပို့ခြင်းမပြုဖို့ ယူကေ ရောက်မြန်မာတွေက ထိုင်းနဲ့မလေးရှား သံရုံး ရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲ ကို မတ်လ ၄ရက် က ပြုလုပ်ခဲ့ပါတယ်။ 

 

၎င်း ဆန္ဒပြပွဲကို  SMFC အဖွဲ့က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပြီး ထိုင်းနဲ့ မလေးရှားအာဏာပိုင်တို့ က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို  အတင်းအကြပ် ဖမ်းဆီး နေရပ် ပြန်ပို့နေခြင်းအပေါ်  ကန့်ကွက်ကြောင်း လူအင်အား တစ်ရာနီးပါးခန့် လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ 

 

အခုလို အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနဲ့မလေးရှားအာဏာ ပိုင်တွေက မြန်မာပြည်ဘက်ကို ပြန်ပို့နေတဲ့ကိစ္စဟာ အာဏာသိမ်းစစ်ကောင်စီအတွက် စစ်သားစုဆောင်းရန် ကူညီ လုပ်ဆောင် ပေးသလို ဖြစ်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ SMFC အဖွဲ့က မဂျူလီခိုင်ကပြောပါတယ်။ 

 

ဒါကြောင့် ထိုင်းနဲ့ မလေးရှား တာဝန်ရှိသူ တွေ အနေနဲ့ လူ့အခွင့်ရေးစံနှုန်းတွေ ကို လိုက်နာပြီး မြန်မာအလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာ နဲ့လုံခြုံရေး ချိုးဖောက်ခံနေရတာကို ကာကွယ်ပေးဖို့ ယူကေရောက်မြန်မာတွေက တောင်းဆိုခဲ့ကြပါတယ်။ 

 

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် အိတ်ဖွင့်ပေးစာ ကို ထိုင်းနဲ့မလေးရှား သံရုံး တာဝန် ရှိသူတွေ ကို ပေးအပ်ခဲ့ပြီး မြန်မာ့အရေးအတွက် ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ 

 

ပြည်ပ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တွေ ကို ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေက စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့တာမှာ အများစုမှာ အဓမ္မစစ်မှုထမ်း ခိုင်းစေ ခံရတာတွေ ဖြစ်ပေါ်နေပါတယ်။ 

 

အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း အိမ်နီးချင်းနိုင်ငံများအနေ နဲ့ ၎င်းတို့နိုင်ငံတွင်း တရားမဝင် နေထိုင်အလုပ်လုပ်မှုဖြင့် ဖမ်းဆီး ထားတဲ့ မြန်မာနိုင်ငံသားတွေ ကို စစ်ကောင်စီထံသို့ ပို့ဆောင်နေတာဟာ  သေ တွင်းသို့ ပို့ဆောင်နေတဲ့ သဘောဖြစ်နေတဲ့ အတွက်   လူသားချင်းစာနာထောက်ထားစွာဖြင့်  ကူညီစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026