NEWS

မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး

CoverLogo
153 Views
 
ဇူလိုင် ၁၄၊ ၂၀၂၆
မလေးရှားနိုင်ငံ မာလက္ကာမြို့ တွင် အထောက်အထားမရှိတဲ့ ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းဆီးတဲ့ (အော်ပရာစီ)ဖမ်းဆီးနေစဉ် အတွင်း လွတ်မြောက်ရန် ထွက်ပြေး ဖို့ ကြိုးစားတဲ့ မြန်မာလုပ်သား အမျိုးသမီး တစ်ဦး မှာ အဆောက်အအုံပေါ်မှခြေချော် ပြုတ်ကျကာ သေဆုံးသွားတယ် လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) က ထုတ်ပြန်ထားပါတယ်။
 
ဇူလိုင်လ ၆ ရက် နေ့က သေဆုံးသူ မြန်မာလုပ်သား မခက်ကေခိုင် နေထိုင်ရာ ရပ်ကွက်အတွင်း တရားမဝင်နေထိုင်သူတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေချိန်မှာ လွတ်ရာလွတ်ကြောင်း အဖြစ် အခြားနေအိမ်တခုဆီ ကူးရန် သံချောင်းပေါ်မှ လမ်းလျှောက် သွားစဉ် ခြေချော်ကာ ပြုတ်ကျခဲ့ပြီး မာလက္ကာမြို့ ဆေးရုံကြီး သို့ တင်ခဲ့ပေမယ့်ပြုတ်ကျတဲ့ဒဏ်ရာများကြောင့် ဇူလိုင် ၆ ရက်မှာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးသူဟာ အသက်၃၈နှစ်ရှိပြီး ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လှည်းငုတ်ချောင်းကျေးရွာ ကနေ မလေးရှားနိုင်ငံ မလက္ကာမြို့သို့ လာရောက် အလုပ်လုပ်ကိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။
 
ကျန်ရစ်တဲ့ ရုပ်အလောင်းကို မိသားစုရဲ့ သဘောဆန္ဒအရ ဇူလိုင် ၁၁ ရက်တွင် ဆလန်းကောပြည်နယ် ကာချမ်းမြို့ ta Took Funeral service တွင်မေတ္တာပို့သ အမျှဝေပွဲ ကျင်းပပေးပြီး​နောက် ဇူလိုင်၁၂ရက် တွင် မြန်မာနိုင်ငံရှိ မိသားစုထံ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ထံမှ သိရပါတယ်။
 
မလေးရှားနိုင်ငံအတွင်း တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားလုပ်သားတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် အထောက်အထားမရှိတဲ့ မြန်မာလုပ်သားတွေလည်း အဖမ်းခံရတာတွေလည်းရှိသလို အချို့မှာ ဖမ်းဆီးမှု ပြုလုပ်နေချိန် မှာ ကြောက်လန့်တကြား တိမ်းရှောင် ထွက်ပြေးရင်း ထိခိုက်ဒဏ်ရာရတာမျိုးတွေ အမြင့်မှ ပြုတ်ကျသေဆုံးတာမျိုးတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
 
ဒါကြောင့် အော်အရာစီ အဖမ်းဆီးများကို သတိထားကြရန် နဲ့ အဖမ်းဆီးနဲ့ကြုံတွေ့လာပါက အန္တရာယ်ဖြစ်နိုင်မယ့် ထွက်ပြေးတာမျိုးတွေ မပြုလုပ်ကျဖို့ မြန်မာလုပ်သားအရေးကူညီသူတွေက သတိပေးလျက်ရှိကြောင်းသိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026