NEWS

အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို

CoverLogo
122 Views
 
ဇူလိုင် ၁၃၊ ၂၀၂၆
စစ်အစိုးရလက်အောက် ဝန်ကြီးဌာနတွေ မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေ ကို သာမန်နိုင်ငံကူးလက်မှတ် ပြုလုပ်ထားပါက သက်ဆိုင်ရာဌာနတွေထံ ပြန်လည်အပ်နှံဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။
\
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက် ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားချက် ရုံးစာတွင် ဌာနမှ ဝန်ထမ်းတွေအနေဖြင့် ကိုင်ဆောင်ထားတဲ့ သာမန်နိုင်ငံကူးလက်မှတ်များကို သက်ဆိုင်ရာ ဌာနအကြီးအကဲများထံ အမြန်ဆုံး ပြန်လည်အပ်နှံရန်နှင့် အပ်နှံထားသည့် နိုင်ငံကူးလက်မှတ်စာရင်းများကို သတ်မှတ်ပုံစံဖြင့် ပြုစုကာ သတ်မှတ်ထားသော အီးမေးလ်လိပ်စာသို့ ပေးပို့ရန် ညွှန်ကြားထားတာ တွေ့ရပါတယ်။
 
""အစိုးရဝန်ထမ်းတွေက နိုင်ငံကူးလက်မှတ် အနီ ကိုင်လို့ မရဘူး တချို့ကတော့ ခိုးလုပ်ထားတာတွေရှိလို့ အခုလို ပြန်အပ်ခိုင်းတာ ပြည်ပထွက်မယ်ဆိုရင် ဌာနဆိုင်ရာခွင့်ပြုချက်လိုမယ် အစိုးရဝန်ထမ်း အတွက်က အစိမ်းရောင်စာအုပ်(နိုင်ငံကူးလက်မှတ်)နဲ့ သွားလို့ရမယ် ဒါကလည်း ဌာနရဲ့ ခွင့်ပြုချက်ပါမှ စာအုပ်လုပ်ခွင့်ရမှာ""လို့ အစိုးရဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
လက်ရှိမှာဌာနဆိုင်ရာခွင့်ပြုချက်မပါဘဲ နိုင်ငံကူးလက်မှတ်ပြုလုပ် ထားသူတွေကို ပြန်လည်အပ်နှံခိုင်းထားပြီး အပ်နှံမှုမရှိဘဲ လက်ဝယ်ကိုင်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိပါက စုံခုံပြုလုပ်ပြီး အရေးယူခံရမယ်လို့ စစ်အစိုးရက အမိန့်ထုတ်ထားကြောင်း သိရပါတယ်။
 
ဒါ့အပြင် အစိုးရဝန်ထမ်းတွေရဲ့ ခင်ပွန်း၊ဇနီး၊သား၊သမီးစတဲ့ မိသားစုဝင်တွေ ကိုလည်း နိုင်ငံကူးလက်မှတိပြုလုပ်ခွင့် အတွက် ဌာနရဲ့ ထောက်ခံချက် ပါရှိမှသာ ပြုလုပ်ရမယ်လို့ ထုတ်ပြန်ထားကြောင်း သိရပါတယ်။
 
ယခုလို အစိုးရဝန်ထမ်းတွေ နဲ့ မိသားစုဝင်တွေ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်၊ ပြည်ပထွက်ခွင့် ကန့်သတ် ပိတ်ပင်ခံရတဲ့ အတွက် ပြည်သူတွေအကြား ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
HTH

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026