NEWS

မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ

CoverLogo
19 Views
ဇူလိုင် ၂၇၊ ၂၀၂၆
မလေးရှားလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေ မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ခန့် ကို စစ်အစိုးရထံ လွှဲပို့ပေးရန် စီစဉ်နေတယ်လို့ မလေးရှားသတင်းတွေအရသိရပါတယ်။
 
လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေ မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၅၀၀၀ခန့် ကို မြန်မာအစိုးရကပြန်လည် လက်ခံရန် သဘောတူထားပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေပြီးစီးပါက ရေတပ်သင်္ဘောဖြင့် နေရပ်ပြန်လည်ပို့ဆောင်သွားမယ်လို့ဇူလိုင် လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် မလေးရှားအထက်လွှတ်တော် ညီလာခံတွင် နိုင်ငံခြားရေးဒုဝန်ကြီး Datuk Lukanisman Awang Sauniကပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်အသစ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ယာယီရပ်ဆိုင်းဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သို့ မလေးရှားအစိုးရက ညွှန်ကြားလိုက်ကာ ​မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်ကို ပြန်လည်ပြင်ဆင်ရေးဆွဲနေသောကြောင့် ယခုကဲ့သို့ ယာယီဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
 
ယခုလို ယာယီရပ်ဆိုင်းလိုက်တဲ့ အတွက် ဒုက္ခသည်ကတ် လျှောက်ထားဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံသားများ ပြန်လည်ပို့ဆောင်ခံရမယ့် အရေး စိုးရိမ်နေကြတဲ့အပြင် အော်ပရာစီ ဖမ်းဆီးမှု ပိုမိုတင်းကြပ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့ မလေးရှားရောက်မြန်မာလုပ်သားတွေကပြောပါတယ်။
 
""ဖမ်းမိရင် ကိုယ့်နိုင်ငံ ကို ပြန်ပို့မှာဘဲလေ ဆိုပေမယ့် စစ်အစိုးရရဲ့ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ဆောင်မှာကို စိုးရိမ်ကြောက်ရွံနေကျတာ အရင်လို စစ်မှုမထမ်းရဘူး နိုင်ငံ ငြိမ်းချမ်းနေရင် အဖမ်းမခံရခင်ကတည်းက ကိုယ့်နိုင်ငံကို ပြန်ကြပြီပေါ့ အခုလည်း ထိန်းသိမ်းရေးစခန်းက မြန်မာ၅၀၀၀လောက်ကိုနေရပ် ပြန်ပို့ မယ့်သတင်းကြောင့် ပြန်ပို့ခံရရင် စစ်ထဲရောက်မှာ ကို သူတို့ရဲ့ မိသားစုဝင်တွေ စိုးရိမ်နေရပြီ""လို့ မလေးရှားရောက်မြန်မာလုပ်သားအရေးကူညီပေးနေသူတစ်ဦးကပြောပါတယ်။
လက်ရှိတွင်လည်း မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးနဲ့အဖမ်းခံရပြီး ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအစိုးရက လေကြောင်းကတစ်ဆင့် နေရပ်သို့ ပြန်လည်ပို့ဆောင်လျက်ရှိရာ ပြီးခဲ့ဇွန်လ အတွင်းက အယောက်၁၀၀၀ခန့် ပြန်ပို့ထားကာ ယခုဇူလိုင်လ အတွင်းမှာလည်း ဆက်တိုက်နေရပ်သို့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရပါတယ်။
 
ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူမှာလည်း ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ မြန်မာအပါအဝင် စုစုပေါင်း ၂၁၉,၀၀၀ ကျော် ရှိနေကြောင်း​မလေးရှား UNHCR ရုံး၏ စာရင်းများအရသိရပါတယ်။

Related posts

Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026