NEWS

အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်

CoverLogo
122 Views
 
ဇူလိုင် ၁၁၊ ၂၀၂၆
 
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) ကတ်ပြားရိုက်ရန် စောင့်ဆိုင်းနေရတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် "ယာယီအလုပ်လုပ်ကိုင်ခွင့် စာရွက်ပုံစံအသစ် (ဘော်တော် ၆၂ / WP. 62)" ကို ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဂျုလာဖန်ကပြောပါတယ်။
၎င်းယာယီလက်မှတ် ဖြင့်လည်း အလုပ်ရှင်ပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်များကိုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ယခုဇူလိုင်လ ၁ရက်မှစတင် အကျုံးဝင်မယ်လို့ ဇူလိုင်၉ရက်မှာ ထုတ်ပြန်ပါတယ်။
 
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဂျူလာဖန်ရဲ့ ပြောကြားချက်အရ အခု စနစ်သစ်ဟာ အလုပ်သမားနှင့် အလုပ်ရှင်များ ကြုံတွေ့နေရတဲ့ စာရွက်စာတမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခက်အခဲများကို လျှော့ချရန်နှင့် ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲမှုစနစ်ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သလိုအလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိထားသော်လည်း ကတ်အစစ်မရသေးသည့် ကြားကာလအတွင်း လုပ်ငန်းခွင်၌ တရားဝင် ဆက်လက်လုပ်ကိုင်နိုင်ရန်နှင့် အလုပ်ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် အကောင်အထည်ဖော်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
 
ယခုထုတ်ပေးမယ့် ယာယီအလုပ်လုပ်ကိုင်ခွင့်အစားထိုးစာရွက် (Tor Ror 62) တွင် ဥပဒေအရ တရားဝင်အလုပ်လုပ်ခွင့်ရှိကြောင်း သက်သေပြနိုင်မယ့်နိုင်ငံကူးလက်မှတ် (Passport) နှင့် ဗီဇာ (Visa) အချက်အလက်များ ​အလုပ်ရှင်နှင့် အလုပ်အကိုင်အသေးစိတ် ဆေးကုသမှုဆိုင်ရာ အကျိုးခံစားခွင့် စတာတွေပါရှိမယ်လို့ သိရပါတယ်။
 
ယာယီအလုပ်လုပ်ကိုင်ခွင့်စာရွက် ကို ပါမစ်ကတ်အစစ်ရိုက်ရန် ရက်ချိန်းရရှိသည့်နေ့အထိ ကိုင်ဆောင်အသုံးပြုရမှာဖြစ်ပြီး ၎င်းယာယီစာရွက်ကို မိမိတို့အလုပ်အပ်နှံထားသည့် သက်ဆိုင်ရာကုမ္ပဏီ/အေဂျင်စီများထံတွင် တောင်းယူနိုင်ကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026