NEWS

ပြည်ပ ခွင့်ပြန် လုပ်သားများ  အလုပ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရမှ ပြန်ထွက်ခွင့်ရမည်

CoverLogo
1.5K Views

ပြည်ပ ကနေ ခွင့် ပြန်လာတဲ့ အလုပ်သမားတွေ အနေနဲ့ ခွင့်ရက်စေ့ကာ သက်ဆိုင်ရာ နိုင်ငံ ကို ပြန်လိုပါက အလုပ်သမားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက် ရယူရမယ် လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

 

PJ နိုင်ငံကူးလက်မှတ် နဲ့ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် သူတွေ အတွက်  အသိပေးချက် ကို မတ်လ ၁၁ ရက် က စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

 

၎င်း အသိပေးချက်မှာ PJနိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) လက်ဝယ်ရှိသူတွေဟာ အေဂျင်စီ အစီစဉ်နဲ့သော်လည်းကောင်း မိမိအစီအစဉ် (ကျွမ်းကျင်) ဖြင့်သော်လည်းကောင်း၊ ခွင့်ပြန်လာပြီး ခွင့်ရက်စေ့ကာ ပြန်လိုခြင်း ကြောင့် လည်းကောင်း ပြည်ပနိုင်ငံ များ သို့ ထွက်ခွာမယ်ဆိုပါက အလုပ်သမားဝန်ကြီးဌာန ကို လိုအပ်တဲ့စာရွက်စာတမ်းတွေ နဲ့အတူ အွန်လိုင်းကတစ်ဆင့် (migrantdeparture @gmail.com)ကို ပေးပို့ လျှောက်ထားပြီး ပြည်ပကိုသွားရောက်အလုပ်လုပ်ဖို့ ခွင့်ပြုချက်ရယူရမယ်လို့ အသိပေးထားပါတယ်။

  

ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံ မှာ EPSစနစ် နဲ့ သွားရောက် အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံ ကို ခွင့်ဖြင့် ပြန်လာတဲ့ အလုပ်သမားတွေ အနေနဲ့ POEAရုံးကို မပျက်မကွက် သတင်းပေးပို့ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက အသိပေးကြေညာထားပါတယ်။ 

 

ခွင့်နဲ့ ပြန်လာ တဲ့ အလုပ်သမားရဲ့ နိုင်ငံကူးလက်မှတ်၊သက်တမ်းရှိသည့်ပြည်ပအလုပ်ကိုင်အလုပ်သမားသက်သေခံကတ်(OWIC)၊ သက်တမ်းရှိ အလုပ်လုပ်ခွင့် ပါမစ်(ID Card)၊အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ် သို့ ပြန်ရန်ခွင့်ပြုစာ တို့ကို မပြန်ခင် အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ရက် ကြိုတင် သတင်းပို့ရမယ်လို့ အသိပေးထားပါတယ်။ 

 

ပေးပို့လာတဲ့ အချက်အလက်တွေကို ဝန်ကြီးဌာနက စိစစ်ပြီး ပြည်ပကို သွားရောက် အလုပ်လုပ်ကိုင်ရန်အတွက် ခွင့်ပြုတဲ့စာရင်း ကို Safe Migration Telegram Channel ကနေကြေညာပေးမှာ ဖြစ်ပြီး သက်ဆိုင်ရာ လေဆိပ် များ သို့ လည်း ပေးပို့ထားမယ်လို့ ဆိုပါတယ်။ 

 

ယခု လုပ်ငန်းစဉ်ကို ၂၀၂၅ခုနှစ် မတ်လ ၁၇ရက် က စပြီး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026