NEWS

လပွတ္တာမြို့မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိလူငယ်တွေအားလုံးကို ဗလာမပါမဲနှိုက်ခိုင်းပြီး စစ်မှုထမ်းခေါ်ရန်ကြိုးပမ်းနေ

CoverLogo
507 Views

စစ်မှုထမ်းရန်အတွက်ဆိုကာ ဧရာဝတီတိုင်း လပွတ္တာမြို့မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အ ထိလူငယ်တွေအားလုံးကို ဗလာမပါမဲနှိုက်ခိုင်းပြီး စစ်မှုထမ်းခေါ်ရန်ကြိုးပမ်းတာကို ရပ်ကွက်လူကြီးတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။ 

 

အဆိုပါ ဖြစ်စဉ်တွင် အသက်ပြည့်ပြီးသား လူငယ်တွေအားလုံး မဲနှိုက်ရမှာဖြစ်ပြီး မဲနံပတ် အရင်ကျသူက အရင်လိုက်ရန်နှင့် ရပ်ကွက်တခုလျင် တယောက်နှုန်းနဲ့ တစ်လ တကြိမ် ခေါ်ယူသွားမှာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတွေက အသိပေးလာတယ်လို့ ပြောပါတယ်။ 

 

"လပွတ္တာမြို့က စုစုပေါင်း ၁၀ ရပ်ကွက်ရှိတော့ တလကို ၁၀ ယောက်နှုန်းခေါ်မယ်ပြောပါတယ်။ မဲနံပတ်အရင်ကျတဲ့သူက အရင်လိုက်လို့ ပြောတယ်။မဲပေါက်ထားတဲ့လူတွေထဲက နံပတ် ၁ တို့ ၂ တို့ ဆိုမရှိကြတော့ဘူးလို့လည်းကြားတယ်၊ မဲမနှိုက်ခင်အရင်လတွေက လူမခေါ်ရေးအတွက် ယောက်ကျားလေးရှိတဲ့အိမ်က ၁ သိန်း ၈ သောင်းပေးရပြီး ၃ ယောက်ရှိရင် ၃ သိန်းထိပေးရတယ်"လို့ အဲ့ဒီမြို့က ပြည်သူတစ်ဦးကပြောပါတယ်။ 

 

လက်ရှိမှာလူငယ်တွေအနေနဲ့ မှတ်ပုံတင် ပြုလုပ်ဖို့ပါ ခက်ခဲနေပြီး ရပ်ကွက်ထောက်ခံစာပါမှ လုပ်ပေးမယ်ဆိုတာကြောင့် ရပ်ကွက်ထောက်ခံစာယူပါကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံစာမလုပ်ပေးတာကြောင့် အခက်အခဲတွေကြုံနေရတယ်လို့ ပြောပါတယ်။ 

 

"နဂိုကလပွတ္တာမြို့ကအေးချမ်းတယ် ကြံ့ခိုင်ရေးထောက်ခံသူများသလို့ မြို့လေးကကျဉ်းတော့ အာဏာရှင်ဆန့်ကျင်ရေးမှာ လူတွေတော်တော်များများပါဝင်ခဲ့ပေမဲ့ မြို့ရဲ့ငွေကြေးပြည့်စုံသူတော်တော်များများက သတင်းပေးဒလန်းတွေများလို့စစ်တပ်ထောက်ခံသူများလို့အားလုံးက ငြိမ်နေခဲ့ရတယ် ခုတော့ ကြံခိုင်ရေးထောက်ခံသူလည်းမရဘူး စစ်တပ်ထောက်ခံသူလည်းမရဘူး အားလုံးရဲ့အိမ်ရှေ့တခါးကိုလာခေါက်နေပြီ"လို့  ပြည်သူတစ်ဦးက ပြောပါတယ်။ 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026