NEWS

ဂျပန်စကား ပြောနိုင်တဲ့  မြန်မာ တွေကိုအသုံးချပြီး လိမ်လည်မှုတွေ လုပ်ဆောင်လာနိုင်လို့ ဂျပန်သံရုံး သတိပေး

CoverLogo
787 Views

ဂျပန်လူမျိုး တွေ ကိုလိမ်လည်ဖို့ အတွက်  ဂျပန်လူမျိုးသာမက ဂျပန်စကားပြောတတ်တဲ့မြန်မာ တွေ ကိုပါ အသုံးချပြီး  အွန်လိုင်းငွေလိမ်ဂိုဏ်းကျားဖြန့် တွေ က လိမ်လည်မှုတွေ လုပ်ဆောင်လာနိုင်တဲ့ အတွက်  သတိ ထားဖို့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက သတိပေးထားပါတယ်။ 

 

လတ်တလောကာလအတွင်း ဂျပန်နိုင်ငံမှာ အွန်လိုင်းဂိမ်း၊ လူမှုကွန်ယက်တွေကနေ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးခြင်းမရှိတဲ့ အသိမိတ်ဆွေကနေတဆင့် ထိုင်း၊ ကမ္ဘောဒီးယားအစရှိတဲ့ ပြည်ပနိုင်ငံ တွေ မှာ အလုပ်လုပ် ကိုင် ဖို့ မိတ်ဆက်ပေးတဲ့အတွက် ထိုင်းနိုင်ငံ ကနေ  မြန်မာနိုင်ငံမြဝတီမြို့ရှိ အွန်လိုင်းငွေလိမ်လည်ရေးစခန်း တွေ ထံ  ခေါ်ဆောင်ခြင်း ခံရကာ အွန်လိုင်းလိမ် လည်မှုများ လုပ်ကိုင်ရန်စေဖို့ အ ခိုင်းခံရတဲ့ ဖြစ်ရပ်တွေ  ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဂျပန်သံရုံးက  အသိပေးထားပါတယ်။  

 

အခုလို ဂျပန်လူမျိုး တွေ ကို သွေးဆောင်လှည့်ဖြားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း တွေ ဟာ ဂျပန်နိုင်ငံ သား တွေ သာမက ဂျပန်ဘာသာစကားတတ်ကျွမ်းတဲ့ မြန်မာလူမျိုး တွေ ကို ပါ အသုံးချ ဖို့  ရည်ရွယ်လာနိုင်ခြေလည်းရှိနေတယ်လို့  မြန် မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ 

 

ဒါကြောင့် အွန်လိုင်းဂိမ်းတွေ နဲ့ အင်တာနက်အစရှိတဲ့ နေရာ တွေ ကနေ သိကျွမ်း ပြီး မျက်မြင် မတွေ့ဘူးတဲ့ အသိမိတ်ဆွေ တွေက တစ်ဆင့် ဂျပန်စကား အသုံးပြုရမယ့် အလုပ်လုပ်ကိုင်ဖို့ ဆွဲခေါ် ခံရပါက အလွယ်တကူ မယုံကြည်ဘဲ မိသားစုဝင်တွေ နဲ့ တိုင်ပင်ဆွေးနွေးရန် နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံရုံး သို့လည်း တိုင်ပင်ဆွေးနွေးနိုင်တယ်လို့ ဂျပန်သံရုံးက အထူးသတိပေးထားပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026