NEWS

စစ်ကောင်စီက မလေးရှားရောက်  မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေကိုလည်း  ပြင်းပြင်းထန်ထန် ဖမ်းဆီးခေါ်ယူနေ

CoverLogo
1.3K Views

စစ်ကောင်စီက ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးခေါ်ယူရာမှာ ထိုင်းမှာသာမက မလေးရှားမှာလည်း ပြင်းပြင်းထန်ထန်ပြုလုပ်လာတယ်လို့ သိရပါတယ်။  

 

ဖေဖော်ဝါရီ ၂၆ရက်နေ့က  မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်က လျှပ်စစ်ပစ္စည်းစွန့်ပစ်ပစ္စည်း  စက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့က  ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ   တရားမဝင်အလုပ်သမားတွေဖြစ်တဲ့  မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၇၅၄ ဦးကို  စစ်ဆေးပြီး အသက် ၂၀ နှစ်မှ ၃၀ နှစ်ကြားရှိ တရားမဝင်အလုပ်သမား PATI ၄၂၈ ဦးအား  ဖမ်းဆီးရမိခဲ့တယ်လို့  မလေးရှားလဝကထုတ်ပြန်ချက်အရ သိရပါတယ်။ 

 

အဲ့ဒီစက်ရုံတွေဟာဆိုရင်  မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများဆုံး ဝင်ရောက်အလုပ် လုပ်ကိုင်နေကြတဲ့ စက်ရုံတွေလို့လည်း မလေးရှားသတင်းများအရ သိရပါတယ်။ 

 

"သူတို့ကတော့ နိုင်ငံခြားသားအလုပ်သမားလို့ခေါင်းစဉ်တပ်တယ်။ ဒါပေမဲ့ဒါက နိုင်ငံရေးဖြစ်စဉ်ကြောင့်လို့ ခေါင်းစဉ်တပ်ရတော့မှာ။ အရင်ကဖမ်းတယ်အလုပ်ရှင်ကလိုက်ထုတ်ရင်ရတယ်။ ခုကမရတော့အလုပ်ရှင်က ကာကွယ်ရင်အလုပ်ရှင်ပါအရေးယူ  အဖွဲ့အစည်းကကာကွယ်ပေးရင် အဖွဲ့အစည်းကိုအရေးယူ အဲလိုဖြစ်လာတယ်။ တစ်နေ့တစ်နေ့ဖမ်းလိုက်ရင် နေရာစုံဝင်တယ်။ တစ်ခါတစ်ခါဆို အယောက် ၄၀၀ ကျော် ၅၀၀ချည်းပဲ။ မြန်မာကအများဆုံးပဲ။ ဖမ်းပြီးရင်လည်းဒီမြန်မာစစ်တပ်ကိုပြန်လွှဲတာပဲ။  သူတို့ကပြည်တွင်းမှာတား မရလို့ ပြည်ပထိလိုက်လုပ်တာ။ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့သံရုံးက အဓိကပေါ့။ ခုကဖမ်းဆီးမှုတွေက နေရာတိုင်းအချိန်တိုင်းပါပဲ အထောက်အထားမရှိရင် မလွတ်န်ိုင်ဘူုး။ သူတို့ကပြည်တွင်းထဲကနေထွက်တာကိုပိတ်တယ်။ ပြည်ပကလူတွေကို ပြည်တွင်းကိုပြန်ခေါ်တယ်။  ပါရင်လည်း ၂၀နဲ့ ၃၀ အရွယ်တွေချည်း"လို့ မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။  

 

ဒါ့အပြင် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း  မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်း မဲရူးဈေးကြီး ကို မလေးရှားအာဏာပိုင်တွေက အဖွဲ့လိုက် ဝင်ရောက် စီးနင်းခဲ့ရာမှာ  အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်အထိ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။ 

 

"သူတို့ကမြန်မာအလုပ်သမားအများဆုံးရှိတဲ့စက်ရုံတွေနေရာတွေကိုစီးတာ။ ပြီးရင်အကုန်ဖမ်းတာအဲ့ကနေမှ အထောက်အထားရှိတာကိုပြန်လွှတ်ပေးပြီးမရှိတာကိုဖမ်းတာ။ မနေ့ကဆိုရင်၈၀၀ နီးပါးထဲကနေအထောက်အထားမဲ့ ၄၀၀ ကျော်ကိုဖမ်းလိုက်တာ။ အိုသမားတွေရော ဗီဇာမရှိတာရော အကုန်ပဲ။ တရားမဝင်တွေခန့်လို့ အလုပ်ရှင်၆ဦးလည်း ဖမ်းခံလိုက်ရတယ်"လို့ ၎င်းကဆိုပါတယ်။ 

 

အဲဒီလိုဖမ်းဆီးခံရမှုတွေမှာ  မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ကေမ္ဘာဒီးယားနဲ့ ဆူဒန်နိုင်ငံသားတွေဖြစ်ပြီး  ဝင်ရောက်စီးနင်းခံရချိန်မှာ  အချိန်ပိုနေထိုင်ခြင်း၊ အထောက်အထားမရှိခြင်း၊  ပတ်စပို့ အလွဲသုံးစားပြုလုပ်ခြင်းတွေကြောင့်ဖမ်းဆီးရခြင်းဖြစ်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။  

 

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၉၅၉/၆၃၊ နိုင်ငံကူးလက်မှတ်ဥပဒေ ၁၉၆၆ နှင့်လူဝင်မှုကြီးကြပ် ရေးဥပဒေ ၁၉၆၆ နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေ ၁၉၆၃ တို့အရ ဖော်ထုတ်၊ ဖမ်းဆီး၊ တရားစွဲ၊ ပြည်နှင်ဒဏ်ပေးရေးဥပဒေ ၁၉၆၇ တို့အရဆက်လက်ဆောင်ရွက်မှာဖြစ်သလို  တရားမဝင်အလုပ်သမားတွေကို  အလုပ်ခန့်ပြီး ကာကွယ်ပေးတဲ့အလုပ်ရှင်တွေ အဖွဲ့အစည်းတွေကိုလည်း  အရေးယူမယ်လို့ ထည့်သွင်းထားပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026