NEWS

လုပ်ငန်းတွေရပ်ထားရပြီး စားဝတ်နေရေးခက်ခဲနေတဲ့ သတင်းသမားတွေ ထောက်ပံ့မှုလျှောက်ထားနိုင်

CoverLogo
567 Views

အကြောင်းအမျိုးမျိုးကြောင့် သတင်းမီဒီယာ လုပ်ငန်း တွေ ရပ်နားထားပြီး စားဝတ်နေရေး ခက်ခဲနေကာ အရေးပေါ်အကူညီလိုအပ်နေတဲ့ သတင်းမီဒီယာသမား တွေ ကို ထောက်ပံ့ကူညီမယ်လို့  လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က  ထုတ်ပြန်ပါတယ်။ 

 

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အနေနဲ့ သတင်းမီဒီယာ လုပ်ငန်းတွေ  ရပ်နားထားပြီး လက်ရှိအခြေအနေအရ စားဝတ်နေရေး ခက်ခဲနေတဲ့  သတင်းမီဒီယာသမား တွေ ကို ကူညီထောက်ပံ့နိုင် ဖို့ ရန်ပုံငွေတရပ်ထူထောင်ပြီး အရေးပေါ် ထောက်ပံ့နိုင်ရန် စီစဉ် ဆောင်ရွက်နေတာမှာ  လက်ရှိမှာထောက်ပံ့ ရန် အတွက်   ထိုက်သင့်တဲ့ ရန်ပုံငွေ စုဆောင်းရရှိ ပြီ ဖြစ်တဲ့ အတွက် ကူညီထောက်ပံ့ခြင်း လုပ်ငန်း စတင်တော့မယ်လို့ဆိုပါတယ်။ 

 

အကြောင်းအမျိုးမျိုးကြောင့် သတင်းလုပ်ငန်းတွေရပ်ထားရကာ  ပြည်တွင်းရော ပြည်ပမှာပါ နေထိုင်ပြီး အခက်ကြုံနေရတဲ့သတင်းသမားတွေလျှောက်ထားလို့ရတယ်လို့ သိရပါတယ်။ 

 

"သတင်းလုပ်ငန်းလုပ်ကိုင်တဲ့သူ ဘယ်မှာနေနေပါ ပြည်တွင်း၊ ပြည်ပ ပါပါတယ်၊ မကန့်သတ်ထားပါဘူး၊ အခုအကူအညီပေးတာက အရေးပေါ်အကူအညီဆိုတော့လေ မီဒီယာလုပ်ငန်းလုပ်ပြီး ဝင်ငွေမရှိတော့တဲ့ ရပ်သွားတဲ့လူတွေကို ဦးတည်တာပါ၊ တော်တော်များများကတော့ အကြောင်းအမျိုးမျိုးကြောင့်  Donor၊ ရန်ပုံငွေ fund ပြဿနာမျိုးစုံပေါ့ ။ အဓိကရည်ရွယ်ချက်ကတော့ မီဒီယာအလုပ်လုပ်တော့လုပ်တယ် ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မီဒီယာဝင်ငွေမရှိတော့တဲ့လူတွေကိုခေါ်တာပါ"လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်ကပြောပါတယ်။ 

 

ဒါကြောင့် အရေးပေါ်အကူညီလိုအပ်နေတဲ့ သတင်းမီဒီယာသမားတွေ အနေနဲ့ ယခု လင့် မှာဝင်ရောက်ဖြည့်စွက်ပြီး  https://forms.gle/Hn1mMA3AEU1kjhzq5 လျှောက် ထားနိုင်တယ်လို့ ကြေညာထားပါတယ်။ 

 

တင်ထားတဲ့ လျှောက်လွှာ တွေ ကို အမြန်ဆုံးစီစစ်ပြီး ပြန်လည်ဆက်သွယ် အကြောင်းကြားပေးမှာ ဖြစ်တဲ့ အတွက် မတ်လ ၁၈ ရက်ည နေ နောက်ဆုံးထားလျှောက်ဖို့ အသိပေးကြေညာထားပါတယ်။ 

 

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအတွေ ရဲ့ ရိုက်ခတ်မှုတွေကြောင့် သတင်းသမားတွေ ဖမ်းဆီး ၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကို ရင်ဆိုင်နေကြရသလို ကမ္ဘာ့ရေးရာအခင်းအကျင်းတွေအရလည်း  သတင်းသမားတွေကို ထောက်ပံ့ပေးနေတဲ့ ဝင်ငွေလမ်းကြောင်းတွေ ထိခိုက်မှုရှိနေတာကြောင့် သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ သတင်းသမားတွေ ရပ်တည်ရေး ခက်ခဲမှုတွေကြုံနေရပါတယ်။ 

 

"အရင်လည်း ဒီလိုအခက်အခဲမျိုးကြုံဖူးပါတယ်။ ဒီတခေါက်ကြုံတာတော့ အရင်ဟာတွေထက် ပိုပြင်းထန်တာပေါ့နော် ။ တဖွဲ့ထဲမဟုတ်ဖူး။ မီဒီယာလောက တစုံလုံးကိုထိခိုက် မှုရှိတော့လေ ဘယ်လိုကျော်လွှားကြမလဲဆိုရင်တော့ အဓိကကတော့ ကျောချင်းကပ် ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ပဲရှိတယ်။ တခုကတော့ အရင်တုန်းကထက်မီဒီယာတွေပိုပြီးတော့ ပေါင်းလုပ်ရမယ် ၊ အရင်က မီဒီယာတိုက် ၅ ခုရှိရင် စတူဒီရို ၅ ခုရှိကောင်းရှိနိုင်တယ်။ အခုတော့ တခုပဲရှိမယ် အဲ့တာကို ဘယ်လိုပေါင်းပြီးတော့ အကျိုးရှိရှိသုံးမလဲပေါ့။ နောက်တခုက ဝင်ငွေရနိုင်ခြေ donor အပြင် နည်းလမ်းမျိုးစုံဘယ်လိုရှာဖွေမလဲဆိုတဲ့ နည်းလမ်းအသစ်တွေတော့ ရှာဖွေနေပါတယ်။  လုပ်လည်းလုပ်နေပါတယ်။ မီဒီယာ သမားတွေက အတွေ့အကြုံအများကြီးရှိပါတယ်။ ကျတော်တို့လည်း အနှစ်ဒီ ၃၀ လောက်ရှိပြီဆိုတော့ ဒီတိုက်ပွဲလည်း ကျော်နိုင်မယ်လို့ ယူဆပါတယ်"လို့ လက်ရှိကြုံနေရတဲ့ အခြေအနေတွေကို ယင်းကသုံးသပ်ပြောဆိုထားပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026