ဇူလိုင် ၂၄၊ ၂၀၂၆
Sky Fashion Myanmar စက်ရုံက တနင်္ဂနွေနဲ့ စနေနေ့ အချိန်ပို မဆင်းသူတွေကို စူပါတွေ အောစူပါတွေက ဆဲဆိုတယ်လို အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုဆင်းဖို စက်ရုံဘက်က ကြိုတင် အသိပေးတာ မရှိသလို မဆင်းနိုင်တဲ့ အလုပ်သမားတွေကို ဆဲဆိုနေတယ်လို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောထားပါတယ်။
“ အချိန်ပိုကို ခေါ်ချင်တဲ့အချိန် ခေါ်တာ၊ အလုပ်သမားတွေ မဆင်းနိုင်တော့ စူပါ၊ အောစူပါတွေက ဆဲတယ်၊ စနေနေ့ဆို မိုးအလင်း အချိန်ပို၊ စနေနေ့ မဆင်းရရင် တနင်္ဂနွေနေ့ အချိန်ပို ဆင်းနေရတာ။” လို အလုပ်သမားတွေက ပြောပါတယ်။
စူပါနဲ့ အောစူပါတွေက အချိန်ပို မဆင်းလို ဆဲဆိုတဲ့ အပြင် အထည်စံချိန်မပြည့်လိုဆိုပြီး အော်ဟစ်ဆဲဆို တယ်လို အလုပ်သမားတွေက ပြောပါတယ်။
မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းတယ်။ အလုပ်သမား ၆၀ ကျော် စက်လိုင်းကို အနွေးထည်ကို ၂၅ ထည် တောင်းတာ။ အထည်စံချိန်မရတာနဲ့ အောစူပါတွေက ဆဲဆို အော်ဟစ်နေတော့တာ” လို အလုပ်သမားတွေက ပြောပါတယ်။
အထည်စံချိန် တွေ ဖိအားပေး တောင်းတဲ့အပြင် နေ့လည် ထမင်းစားနားချိန် နာရီဝက် ပဲ အနားရပြီး အချိန်ပို ပြီးတဲ့အထိ တနေကုန် အနားမရဘဲ တဆက်တည်းလုပ်ကိုင်ပေးရတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ တဆက်တည်း လုပ်ကိုင်ခိုင်းပေမဲ့ ဥပဒေပါ ခွင့်ရက်တွေ၊ ခွင့်ခံစားခွင့် မရဘဲ ဖြစ်နေတယ်လို အလုပ်သမားတွေက ပြောပါတယ်။
“ရှောင်တခင်ခွင့်လည်းမရဘူး၊ ဆေးခွင့်လည်းမရဘူး ။ စက်ရုံက ခွင့်မပေးဘဲ ရက်ပျက် လုပ်တယ်။ ရက်ပျက်ဆိုတာနဲ့ ဒေးကြေး ၊ ရက်မှန်ကြေး အားလုံး အဖြတ်ခံရတာ” လို ပြောပါတယ်။
လုပ်ငန်းခွင်ထဲ အလုပ်သမားတွေရဲ့ လုပ်ခဒေးကြေးကို စက်ရုံဘက်က ခွဲခြားပေးထားပြီး အလုပ်သမားတဦးနဲ့တဦး အနည်းဆုံးကျပ် ၁၀၀၀ ကနေ အများဆုံး ကျပ် ၂၀၀၀ အထိ ကွားခြားတယ်လိုလည်း အလုပ်သမားတွေက ပြောပါတယ်။
“ ဒေးကြေးကို ဂရိတ်အလိုက် ခွဲပေးတာ။ Bကနေ A+ အထိကို ၁၂၀၀၀။ ကျန်တဲ့ဂရိတ်တွေက ၁၁၀၀၀ ။ တခြားဌာနတွေကြ ၁၀၀၀၀ ပဲ ရကြတယ်။” လို အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင် အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅၊ ၁၆ အရွယ် လုပ်သား အများအပြား လူကြီးအလုပ်သမားတွေနဲ့ င့် တန်းတူခိုင်းစေထားတဲ့အပြင် စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြီး တရားမဝင် အလုပ်ထုတ် နေတယ်လို လည်း အလုပ်သမားတွေက ပြောထားတာပါ။
“ လုပ်ငန်းခွင်ထဲ စစ်ဆေးရေးလာရင် အဲ့ကလေးတွေကို တစ်နေရာကို ရှောင်ခိုင်းတယ်၊ သရဲတွေဝင်ပူးလို ဆိုပြီး အလုပ်သမားများကို အဆီမဆိုင် အလုပ်ထုတ် တယ်” လို အလုပ်သမားတွေက ပြောပါတယ်။
Sky Fashion Myanmar က တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး ရန်ကုန်မြို၊ လှိင်သာယာမြိုနယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေတယ်လို သိထားပါတယ်။ အလုပ်သမား ၁၀၀၀ ကျော် လုပ် ကိုင်နေပြီး PITBULL တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လိုလည်း အလုပ်သမားတွေက ပြောထားပါတယ်။









