NEWS

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်

CoverLogo
33 Views
 
ဇူလိုင် ၂၆ ၊ ၂၀၂၆
ညီမတို့က TRY BEST (Myanmar) GARMENT မှာ အလုပ်လုပ်တဲ့ စက်ချုပ်အလုပ်သမားတွေပါ ရှင့် ။
 
စက်ရုံက ရွှေပြည်သာစက်မှုဇုန် ၃ ၊ ပြင်စည်မင်းသားကြီးလမ်းမှာပါ။ စက်ရုံမှာ စူပါနဲ့ စာရေး နှစ်ယောက်ပေါင်းပြီး ဘာအတွက်မှန်မသိရဘဲ လစာငွေတွေ ဖြတ်နေလို့ပါရှင့် ။
 
အဲ့လိုဖြတ်နေတဲ့ စက်လိုင်း လိုင်းအမှတ် ၁ မှာပါ။ လိုင်းစူပါနဲ့ စာရေးမက ၅ ရက်(ဇူလိုင်)နေ့ လစာထုတ်တော့ အလုပ်သမား ၃၂ ဦးစီက တယောက် ကျပ် တစ်သိန်းနဲ့ ဖြတ်တောက်ပြီး ယူသွားကြပါတယ်။
 
လစာ ကျပ် တစ်သိန်း ဖြတ်ရတဲ့ အကြောင်းကို အလုပ်သမားတွေက မေးပါတယ်။ တိတိကျကျနဲ့ ဘာကြောင့်ဆိုပြီး အကြောင်းပြချက်ခိုင်ခိုင်လုံလုံ ရှင်းပြခဲ့တာမရှိခဲ့ပါဘူး။
 
လုပ်အားခ ခေါင်းပုံဖြတ်တောက်ခံရတဲ့ Line -1မှာ အလုပ်သမား ၃၂ ယောက်ရှိပါတယ်။ အခုလို လစာဖြတ် ယူတာက အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက ဖြတ်ယူနေတာပါ ရှင့် ။
 
အခုလို လစာဖြတ်တာကို စက်ရုံမန်နေဂျာ ၊စူပါနဲ့ စာရေးမတွေ ပေါင်းပြီး စနစ်တကျ ခေါင်းပုံဖြတ်နေတာကို ဖြေရှင်းပေးဖို့ အကူအညီတောင်းပါတယ်ရှင့်။ စက်ရုံထဲမှာ အလုပ်သမားတွေ နစ်နာတာနဲ့ ဖိနှိပ်ခံရတာတွေကို တင်ပြလို့ မရအောင် လုပ်ထားပါတယ်။ ကူညီပေးပါရှင့်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026