NEWS

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း

CoverLogo
30 Views
ဇူလိုင် ၂၅ ၊ ၂၀၂၆
YEJIN F&G Garment စက်ရုံက အထည်စံချိန်မပေးနိုင် တဲ့ စက်လိုင်းတွေကို မိုက်နဲ့ အော်ပြီး အထည် တောင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက သတ်မှတ်ထားတဲ့ အထည်စံချိန် မပြည်လို့ ဆိုပြီး မန်နေဂျာနဲ့ စက်ရုံတာဝန်ရှိသူတွေက မိုက်နဲ့အော် တောင်းတာလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောထားပါတယ်။
 
“ချုပ်ရတဲ့အထည်တွေက ဝယ်လွန်နဲ့ဖော့သားတွေ၊ အရမ်းလက်ဝင်တယ်၊ ခက်တယ်။ စံချိန်မပြည့်ရင် အောစူပါ၊ စူပါတွေက အော်ဟစ် ဆဲတယ်။ စက်ရုံမန်နေဂျာက ရုံးခန်းထဲကနေ မိုက်နဲ့အော်တယ်။ အထည် မပေးနိုင်တဲ့ စက်လိုင်းနံပါတ်ကို မိုက်နဲ့အော် တောင်းတာ။ အထည့်စံချိန်မပေးနိုင်ရင် အောလင်း၊ အောနိုက် တွေနဲ့ တနင်္ဂနွေ နေ့ပါ မနားရဘဲ အချိန်ပို ဆင်းခိုင်းတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဥပဒေပါ အလုပ်သမားအခွင့်အရေးတွေကို စက်ရုံဘက်က မပေးတဲ့ အပြင် လုပ်ခလစာ ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
"ရှောင်တခင်ခွင့်၊ ဆေးခွင့်ခံစားခွင့်တွေမှရဘူး ၊ လတိုင်း လူမှုဖူလုံရေးကြေး ၄၀၀၀ ထည့်ရတယ်။ ဆေးခွင့်ဆို တခါမှမရတာ။ နေထိုင်မကောင်းလို့ ခွင့်ယူတော့ အောစူပါ၊ စူပါတွေက ခွင့်မပေးဘူး၊ ပြီးတော့ လစာ ဖြတ်တယ်၊ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ခွင့်မပေးဘဲ တရက်ပျက်လို့ ဆိုပြီး ရက်မှန်ကြေးနဲ့ ဒေးကြေးကျပ် ၃၀၀၀၀ ကျော် အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေရဲ့ လုပ်ခလစာကို ဂရိတ်အဆင့်နဲ့ ခွဲခြားသတ်မှတ်ထားပြီး နေ့စား အလုပ်သမားဒေးကြေးကို ကျပ် ၈၀၀၀ နဲ့ပဲ ရှင်းပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဂရိတ် A က ၁၂,၀၀၀၊ B က ၁၁,၀၀၀ ၊ C က ၉,၇၀၀ ၊ D ဆို ၇,၈၀၀ပဲ ရတယ်။ A အဆင့် အလုပ်သမားဆိုတာ မရှိသလောက်ပဲ အများစုက C အဆင့်တွေပဲ ရှိတာ။ နေ့စား အလုပ်သမား ၁၀၀ ကျော်ဆို ဒေးကြေး ၈၀၀၀ နဲ့ လုပ်ပေးနေရတာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
YEJIN F&G Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၇ ၊ ရွှေဘိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ ကိုရီးယားနိုင်ငံသားပိုင် စက်ရုံလို့ သိထားပါတယ်၊ စက်ရုံမှာ အလုပ်သမားများ ၇၀၀ ကျော် လုပ်ကိုင်ပြီး SPAO တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026