NEWS

Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး

CoverLogo
25 Views
 
Tha Shu Myanmar Glory Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုကို အလုပ်သမားရဲ့ လိုအပ်ချပ်အရ ဆိုပြီး တာဝန်မယူတဲ့ အပြင် ဆေးခွင့်မပေးဘဲ ရက်ပျက် ရမယ်ဆိုပြီး ပြောကြားခဲ့တယ်လို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်လက်မှု အလုပ်သမားများအဖွဲ ချုပ် (IWFM) အလုပ်သမားတွေက ပြောထားပါတယ်။
 
“ ၆လပိုင်း(ဇွန်လ) ထဲမှာ အပ်ကျိုးပြီး မျက်လုံးကိုထိခိုက်မိတာကို အပ်ချုပ်စက် အပ်ကာ မချလိုဖြစ်တာ ငါ့တိုစက်ရုံကတာဝန်မယူပေး နိုင်ဘူး ဆိုပြီး စက်ရုံမန်နေဂျာက ပြောခဲ့တယ်။ ဒီလို ဒဏ်ရာ ရတာကို ရက်ပျက်ရင်လဲ လူမှုဖူလုံရေး ဆေးခွင့်မပေးဘူး။ ပိုက်ဆံဖြတ်ခံပြီး ရက်ပျက်ရမယ်လိုပြောတယ်” လို အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ အလုပ်သမားတွေမှာ လစဉ် လူမှုဖူလုံရေးကြေး အနည်းဆုံး တစ်လ ကျပ် ၄၀၀၀ ပေးသွင်းနေရပေမဲ့ ခွဲစိတ်ကုသခံယူရတဲ့ အလုပ်သမားတွေမှာ ဆေးခွင့် အပြည်အဝ မပေးဘူးလို ပြောထားပါတယ်။
 
“ ခွင့်ရက်တွေဆို ဘာခွင့်မှမရတာ ခွင့်တော့ ပေးတယ် လစာ ပိုက်ဆံဖြတ်တယ်၊ တစ်ရက်ပျက်တာနဲ့ ၅၀၀၀၀ အဖြတ်ခံရတာပါ” လို ပြောပါတယ်။
လုပ်ငန်းခွင်ထဲ အထည်အောက်ကျတာ အစ လစာဖြတ်တဲ့ အပြင် ရက်ကြီးခါကြီးတွေမှာ စက်ရုံအာဏာပိုင် တွေကို ကန်တော့ဖိုဆိုပြီး ငွေကောက်ခံလို ဆန္ဒမပါဘဲ ထည့်ဝင်နေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
 
“အထည် ပယ်ကျတာဘဲဖြစ်ဖြစ်။ အထည်အောက်ကျတာပဲ ဖြစ်ဖြစ် နာမည်၊ လည်းဆွဲကဒ်ကို စာရေးမတွေ က မှတ်ပြီး လစာမှာ ၅၀၀၀၀ အထိ အဖြတ်ခံရတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း ၊ သင်္ကြန်လို ရက်ကြီး တွေ ဆိုရင် အောစူပါ၊ စူပါတွေက မန်နေဂျာ၊ တရုတ်တွေကို ကန်တော့ဖို ဆိုပြီး ပိုက်ဆံကောက်တယ်၊ မထည့်ချင်လဲ ထည့်နေတယ်။ တစ်ချိုစက်လိုင်းတွေဆို မမေးမြန်ဘဲ ဆုကြေးပိုက်ဆံတွေကို အကုန်ဖြတ် ယူထားတာ” လို အလုပ်သမားတွေက ပြောပါတယ်။
 
ကြိုတင်ပြောကြားတာမရှိဘဲ အထည်စံချိန်မပြည့်လိုဆိုပြီး အောလင်း၊ အောနိုက် အချိန်ပိုတွေကို အောစူပါ၊ စူပါတွေက ဆင်းခိုင်းလို ဆန္ဒမပါဘဲ လုပ်ကိုင်ပေးနေရတာလို အလုပ်သမားတွေက ပြောပါတယ်။
 
“နေ့တိုင်းဆိုအချိန်ပို ခေါ်တယ်။ မဆင်းချင်တာလည်း ပြောမရဘူး။ ကြိုလည်းမပြော အတင်းအကျပ် ဆင်းခိုင်းတယ်။ အချိန်ပို အပြန်မှာ ဖယ်ရီကားလည်း မပေးဘူး” လို အလုပ်သမားတွေက ပြောထားပါတယ်။
 
Tha Shu Myanmar Glory Fashion Co.,Ltd အထည်ချုပ် စက်ရုံက လှိင်သာယာမြိုနယ်၊ ရွှေသံလွင် စက်မှုဇုန်၊ သံလွင်လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို သိထားပါတယ်။ အလုပ်သမား ၁၂၀၀ ကျော်လုပ်ကိုင်နေပြီး LARGE တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026