NEWS

စစ်ကောင်စီရဲ့ငွေစက္ကူအစားထိုး ဒစ်ဂျစ်တယ်ငွေကြေးစနစ် အပေါ်  ဝေဖန်မှုတွေရှိနေ

CoverLogo
717 Views

စစ်ကောင်စီက မိတ်ဆက်လိုက်တဲ့ငွေစက္ကူအစားထိုး ဒစ်ဂျစ်တယ်ငွေကြေးစနစ်မြန်မာ ကြူအာ (MMQR)ကို ပြုလုပ်လိုက်တဲ့အပေါ် ဒေသတွင်းနေထိုင်တဲ့အများပြည်သူကြား ဝေဖန်မှုတွေမြင့်တက်နေတယ်လို့သိရပါတယ်။ 

 

အဆိုပါ မြန်မာ ကြူအာ (MMQR) ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဟာ ငွေပေးငွေယူစနစ်ပုံစံတစ်ခုဖြစ်ပြီး စစ်ကောင်စီ က ငွေစက္ကူငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများရဲ့ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များရဲ့ အသုံးစရိတ်အထိ အဲ့ဒီ့စနစ်ကို သုံးမယ်လို့အသိပေးထားပါတယ်။ 

 

နောက်ထပ်လည်း မြန်မာ ကြူအာ (MMQR)စနစ်နဲ့ စစ်ကောင်စီဟာ ၎င်းတို့ထံကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင် ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနဲ့ လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိတဲ့ စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုမယ်လို့ဆိုထားပါတယ်။ 

 

" အဲ့ဒီ့မြန်မာကြူအာ (MMQR) ဆိုတာက ဗဟိုဘဏ်ကနေ ထိန်းချုပ်ထားမယ့် ဒစ်ဂျစ်တယ်ငွေကြေးစနစ်လိုမျိုးပေါ့။ ဗဟိုဘဏ်က ပြည်တွင်းက ကမ္ဘောဇဘဏ်တို့ ဧရာဝတီဘဏ်တို့ကလူသုံးများတဲ့ pay စနစ်‌တွေနဲ့လည်းချိတ်ထားပြီး သုံးလို့ရတာမျိုးပေါ့။အဓိက က ဒစ်ဂျစ်တယ်စနစ်နဲ့ ငွေပေးငွေယူလုပ်ရင် ဘဏ်တွေရဲ့ QR code တွေအမျိုးမျိုးကို ဈေးဆိုင်ဘက်တို့ ရောင်းသူဘက်တို့က ပြပေးထားရတဲ့နေရာမှာ မြန်မာ ကြူအာ (MMQR)တစ်မျိုးထဲနဲ့ kpay ,wave pay,AyA pay စတဲ့သူနဲ့ချိတ်ဆက်ထားတဲ့ ဘယ်ဘဏ်pay (ပိုက်ဆံ)ပဲရှိရှိ အသုံးပြုလို့ရမယ်ပေါ့၊ အဲ့လိုစနစ်လို့အကြမ်းဖျဉ်းသိထားတယ်။ခက်တာက မြန်မာနိုင်ငံလို မီးကမမှန်၊ အင်တာနက်လိုင်းတွေကမကောင်းနဲ့ဆိုတော့ ဒစ်ဂျစ်တယ်စနစ် က အဆင်ပြေနိုင်ပါ့မလား၊ နောက်တစ်ခုက ဒစ်ဂျစ်တယ်ငွေကြေးစနစ်က ငွေကြေးဖောင်းပွမှုတွေပိုဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့လည်းအများကပြောနေကြပါတယ်"လို့  ဒစ်ဂျစ်တယ်ငွေကြေးစနစ်နဲ့ လစာငွေရရှိနေသူဝန်ထမ်းတစ်ဦးကပြောပါတယ်။ 

 

အဆိုပါ မြန်မာ ကြူအာ (MMQR)စနစ်နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်များနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်း စုစုပေါင်း ၁၂ခုရှိရာ၎င်းတို့မှာAYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊ uabpay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesan တို့ ပါဝင်ရာ မကြာခင်မှာ ပြည်တွင်းက ဘဏ်အားလုံးနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းတွေ အားလုံးပါဝင် လာမှာဖြစ်တယ်လို့ဆိုပါတယ်။ 

 

"ပြောရရင် ဒစ်ဂျစ်တယ်ငွေကြေးက ဘဏ်တွေအနေနဲ့တာဝန်ယူတာဝန်ခံတဲ့စနစ်ရှိမှရမှာ အခု ဆို k payသုံးရင်းwave moneyသုံးရင်း ကိုယ့်အကောင့်ထဲကပိုက်ဆံခိုးခံလိုက်ရတာ၊ ပိုက်‌ဆံတွေရုတ်တရက်ပျောက်သွားတာဆိုတဲ့ပြဿနာတွေကအများကြီး အဲ့ဒါတွေကိုဘဏ်တွေကမသိချင်ယောင်ဆောင်လိုက်လို့သုံးစွဲသူနစ်နာခဲ့ရတာတွေလည်းရှိတယ်။ ကျွန်မဆို လစာကို  ဘဏ်တစ်ခုကနေ ကတ်စနစ်နဲ့ပေးတယ်။ATMကနေ ထုတ်တော့ငွေ၃သောင်းလျော့နေတယ်။ဘဏ်ဘက်ကိုသွားပြောတော့ဘဏ်ကငွေလျော့နေတာကို တာဝန်မယူပေးဘူး။ကျွန်မဘက်က တစ်လလုံးလုပ်ခဲ့ရတဲ့လုပ်အားခလစာတွေဆုံးရှုံးသွားရတာပဲအဖတ်တင်ပါတယ်"လို့ ဒစ်ဂျစ်တယ်စနစ်နဲ့လစာရသူ ပုဂ္ဂလိကဝန်ထမ်းတစ်ဦးက သူမရဲ့အတွေ့အကြုံကိုပြောပြပါတယ်။ 

 

မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က စတင်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်‌ပေမယ့်အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ချက်ချင်းအကောင်အထည်ဖော်ရန် တွန်းအားပေးခဲ့ကြောင်း၊ အဲ့ဒီ့နောက် ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် မြန် မာ ကြူအာ (MMQR)စနစ်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်တယ်လို့သိရှိရပါတယ်။ 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026