- ပြည်တွင်းခုခံတော်လှန်တိုက်ခိုက်မှု့
ဒီကနေ့အဖြစ်ကတော့မနေ့ကနဲ့မတူလို့ဆိုရမလိုပါပဲ။
ဒီကနေ့သတင်းတွေကတော့မနက်အစောပိုင်းရန်ကုန်လှိုင်သာယာမြို့နယ်ထဲက သောင်ကြီးရဲစခန်းဖြစ်ရပ်နဲ့စပါ့မယ်။
ဖြစ်ပုံကဒီလိုပါ။
မနက် ၇ နာရီခွဲလောက်မှာသောင်ကြီးရဲစခန်းထဲမှာရှိတဲ့ရဲတွေထွက်ပြီးတန်းစီပါတယ်။
တန်းစီလူစစ်ပြီး သစ္စာဘာညာဆိုနေတုန်းလှိုင်သာယာပြည်သူ့ကာကွယ်ရေး(LPDF)ကဗုံးပစ်လောင်ချာ ၄၀မမ နဲ့ပစ်လိုက်ပါတယ်။
တန်းစီချိန်ဆိုတော့ အထိနာသွားနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။
ရန်ကုန်မှာကြမ်းသလိုစစ်ကိုင်းမှာလဲကြမ်းပါတယ်။စစ်ကောင်စီဖက်ကတော့အသေကြမ်းသလို ဒေသခံကာကွယ်ရေးတပ်တွေဖက်ကလဲကြမ်းပါတယ်။
ဒီနေ့မနက်မှာပဲစစ်ကိုင်းမုံရွာလမ်းမှာ မိုင်းလာရှင်းတဲ့စကစကားကို ယင်းမာပင် PDF ကအဝေးထိန်းမိုင်းနဲ့သမလို့ ကားပေါ်ပါတဲ့တအုပ်တမကြီးထိချက်ပြင်းတယ်လို့ဆိုပါတယ်။
တန့်ဆည်မှာတော့တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပျူစောထီးစကစပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်တော့ထုံးစံအတိုင်းစစ်ကူလာပါတယ်။စစ်ကူလာတဲ့ကားလဲမိုင်းဆွဲခံလိုက်ရလို့မုန့်ဟင်းခါးလေးပွဲထွက်သွားတယ်လို့သိရပါတယ်။
မြောင်မြို့နယ်ထဲမှာလဲစကစကားမိုင်းဆွဲခံရလို့ကားပေါ်ပါတဲ့စကစတပ်တွေအကုန်နီးပါးမလှုပ်နိုင်ပဲသေသွားပါတယ်။
မုန်းကိုးဘက်မှာတော့ MNDAA နဲ့စကစတပ်တွေထုံးစံအတိုင်းတိုက်ပွဲပြင်းထန်နေဆဲပါ။
လက်နက်ကြီးတွေနဲ့ပါဗရမ်းဗဒါထုနေလို့ လူနေထိုင်တဲ့ကျေးရွာတွေပါလက်နက်ကြီးထိနေတာတွေရှိနေပါတယ်။ဒီကနေ့မှာပဲလက်နက်ကြီးထိမှန်လို့ ကချင်အမျိုးသမီးတဦးလဲသေဆုံးသွားတယ်လို့သိရပါတယ်။
ဒီကနေ့အားလုံးအတွက် အထူးသတင်းတခုကတော့မကွေးမှစစ်ကောင်စီတပ်တွေကို ခုခံတော်လှန်စစ်ဆင်ပြီး ပြည်တော်ဝင်လာတဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူတွေကအောင်သပြေတွေနဲ့ အပြေးကြိုခဲ့ကြတယ်ဆိုတဲ့သတင်းပါ။
ပျိုပျိုအိုအို ကလေးလူကြီးမကျန်ထွက်ကြိုခဲ့ကြတဲ့မြင်ကွင်းကပြည်သူတွေအတွက်တကယ်ကိုအားတက်စရာမြင်ကွင်းပါ။
KNDF ကတော့ကရင်နီပြည်နယ်ထဲလာရောင်းတဲ့စစ်တပ်ပိုင်မိုင်တဲဆင်းကဒ်သိန်း၂၅၀ဖိုးလောက်ကိုမီးတင်ရှိူ့လိုက်ပါတယ်။လာရောင်းတဲ့ဝန်ထမ်း၅ဦးကိုတော့ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။

ယမန်နေ့ကတော့မကွေးတိုင်း ဆောမြို့နယ် ကျင်းလိန်ရွာနားမှာစစ်ကောင်စီတပ်ရဲ့ရဟတ်ယဥ်တစီးကျည်ထိမှန်ပြီးမီးခိုးတလူလူနဲ့လာရာလမ်းကိုပြန်သွားရတယ်လို့ဆောပြည်သူ့ကာကွယ်ရေးတပ်ကဆိုပါတယ်။
- ပြည်တွင်းစစ်အာရှင်ဖြုတ်ချရေးသပိတ်
ဒီကနေ့ကတော့တနေ့ထဲရန်ကုန်မှာသပိတ်နှစ်ခုထွက်ပါတယ်။တခုကဗကသကျောင်းသားလူငယ်တွေစုပြီးတိုက်တဲ့သပိတ်တိုက်ပွဲပါ။နောက်တခုကတော့လိင်စိတ်ကွဲပြားသူတွေတိုက်တဲ့သပိတ်တိုက်ပွဲပါ။နှစ်ခုလုံးကစကစတွေတပ်စွဲထားတဲ့နေရာအနီးမှာပဲသပိတ်မှောက်တာပါ။
မန္တလေးကတော့ထုံးစံအတိုင်းမန္တလေးသပိတ်အင်အားစုရဲ့စည်းလုံးမှု့နဲ့အတူနေ့စဥ်နဲ့အမျှသပိတ်တိုက်ပွဲတွေဆင်နွှဲနေဆဲပါ။မုံရွာအနောက်ဖက်အခြမ်းဆားလင်းကြီးဖက်တွေမှာတော့ရွာလုံးကျွတ်သပိတ်တွေကနေ့စဥ်နဲ့အမျှရှိနေဆဲပါ။
- မြန်မာ့အရေးနိုင်ငံတကာလှုပ်ရှားမှု့အခြေအနေ
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ လက်ထောက်ညွှန်ကြားရေးမှူး David Cohen သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ့အရေး ပါဝင်ကြောင်းဘန်ကောက်ပို့စ်သတင်းဌာနအပါအဝင် ထိုင်းသတင်းတွေ ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ တွင် စတင်ခဲ့သော တရားဝင်ထုတ်ပြန် အသိပေးခြင်းမရှိသည့် တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်သည် ၄၅ မိနစ်ခန့်ကြာ CIA လက်ထောက်ညွှန်ကြားရေးမှူးနှင့် အစိုးရအိမ်တော်တွင် တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မီဒီယာများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါကတော့ဒီကနေ့သတင်းများအကျဥ်းချုပ်ဖြစ်ပါတယ်။