NEWS

နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ

CoverLogo
799 Views

မတ်လ၂၈ ရက် က  အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ် မှု အပြီး နောက်ဆက်တွဲ မြေငလျင်တွေ နေ့စဉ် ပျမ်းမျှ ၇ ကြိမ်ထက်မနည်း လှုပ်ခတ်နေတဲ့ အတွက် ငလျင်သင့်ဒေသက ပြည်သူတွေ  စိုးရိမ်ထိတ်လန့် နေရတယ်လို့ ပြောပါတယ်။ 

 

ငလျင်ကြောင့် ထိခိုက် ပျက်ဆီး ဆုံးရှုံးမှု  များခဲ့တဲ့ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် အပါအဝင် ငလျင်သင့်ဒေသတွေ မှာ နေ့တိုင်းနီးပါး ငလျင်အနည်းငယ်နဲ့အင်အား အသင့်တင့်ရှိနောက်ဆက်တွဲ  မြေငလျင်တွေ ဆက်တိုက်လှုပ်ခတ်လျက်ရှိပါတယ်။ 

 

မိုးလေဝသနှင့်ဇေလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဧပြီ ၁၈ ရက် နေ့ ထုတ်ပြန်ချက်အရ မတ်လ၂၈ ရက်က ၇.၇ အဆင့်ရှိ အင်းအားပြင်းမြေငလျင်လှုပ်ခတ်မှု အပြီးနောက်ဆက်တွဲ မြေငလျင် လှုပ်ခတ်တာ မှာ ဧပြီ ၁၈ ရက် မနက်ပိုင်း အထိ ၁၄၂ကြိမ် လှုပ်ခတ် ခဲ့တယ်လို့ ထုတ်ပြန် ထားပါတယ်။ 

 

အခုလို နေ့တိုင်း နီးပါး လှုပ်ခတ် နေတဲ့ အတွက် ငလျင်ဒဏ်သင့် ဒေသ တွေ က ပြည်သူတွေ အနေနဲ့ စားဝတ်နေရေး အတွက် အလုပ်အကိုင် လုပ်ဆောင် ဖို့ ပင် အခက်ခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။ 

 

""ငလျင် က နေ့တိုင်း လိုလို လှုပ်နေတော့  နေ့နေ့ညည စိတ်ချလက်ချ နေရတယ်ကိုမရှိဘူး  ဘယ်လို မှ စိတ်မအေးနိုင်ဘူး အမြဲ စိုးရိမ် ထိတ်လန့်နေရတယ် အလုပ်တွေ လဲ မလုပ်ရဘူး ရှိတာလေး ပဲ ထိုင်စားနေရတယ် ဧပြီ ၁၇ ရက်က လှုပ်တဲ့နောက်ဆက်တွဲ ငလျင် ဆို အတော်လေးကြမ်းတယ်  အဆောက်အဦးကို ဒုန်းဆိုပြီး ရိုက်ချသလိုပဲ ငလျင်ဒဏ်သင့် ထားတဲ့ ပြည်သူတွေ မှာ ရက် ၂၀ကျော် အထိ ကို ကျီးလန့်စာ စားနေရသလိုပဲ""လို့ မန္တလေးမြို့ခံပြည်သူတစ်ဦးကပြောပါတယ်။ 

 

ဒါ့အပြင် ငလျင်နဲ့ ပက်သက်ပြီး ကောလာဟလ သတင်းများ ကြောင့်လည်း ငလျင်ဒဏ်ပြင်းထန်စွာ ခံခဲ့ရတဲ့ ဒေသတွေ မက အခြားနေရာ ဒေသ မှ ပြည်သူတွေ လည်း စိုးရိမ်ပူပန်လျက်ရှိပါတယ်။ 

 

မြေငလျင်နဲ့ ပတ်သက်ပြီး ကောလာဟလ သတင်းတွေ ကိုမယုံကြည်ကြဖို့ နဲ့ ငလျင်နဲ့ ပက်သက်ပြီး မည်သည့်နိုင်ငံ မည်သည့်ငလျင် ပညာရှင် မှ ကြိုတင်မခန့်မှန်း နိုင်တဲ့ အတွက် ပြည်သူတွေ အထိတ်တလန့် မဖြစ်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ အသိပေးထားပါတယ်။ 

 

စစ်ကောင်စီရဲ့ ဧပြီ ၁၆ရက် ညနေ ပိုင်း ထုတ်ပြန်ချက် အရ မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ၃၇၂၅ဦး၊ ဒဏ်ရာရသူ ၅၁၀၆ဦးနဲ့ပျောက်ဆုံးသူ ၁၂၉ဦး တို့ ရှိတယ်လို့ သိရပါတယ်။ 

 

Photo_MLN 

 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026