NEWS

မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်

CoverLogo
219 Views
ဇူလိုင် ၁၃၊ ၂၀၂၆
ချင်းတွင်း၊ သောင်းရင်း၊သံလွင်၊ဘီးလင်းနဲ့စစ်တောင်းမြစ်တို့မှာ လာမယ့်၂၄နာရီ အတွင်း စိုးရိမ်ရေမှတ်နဲ့ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိ မှာ ဖြစ်လို့ ဟုမ္မလင်းမြို့၊မြ၀တီမြို့၊ဘားအံမြို့၊ဘီးလင်းမြို့နဲ့မဒေါက် မြို့ တွေမှာ ရေဘေးအန္တရာယ် သတိထားဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၂ရက် မှာ အသိပေး ထုတ်ပြန်ပါတယ်။
 
ချင်းတွင်းမြစ်ရေဟာ လက်ရှိမှာ ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက်ရှိပေမယ်​့လာမယ့်၁၂နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်ကာ၊သောင်းရင်းမြစ်ရေဟာလည်း မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်ကို လာမယ့် ၂၄နာရီ အတွင်းရောက်ရှိနိုင်တယ်လို့ အသိပေးထားပါတယ်။
 
ထပ်မံပြီး သံလွင်မြစ်ရေဟာ ဘားအံမြို့ စိုးရိမ်ရေမှတ်ရောက်ရှိနေပြီး ၂၄နာရီအတွင်း စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့် ကျော်လွန် နိုင်ကာ ဘီးလင်းမြစ်ရေဟာလည်း ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်၁လက်မခန့်ရောက်ရှိနေပြီး ၁ရက်အတွင်းပေဝက်ခန့် ထက်မံမြင့်တတ်မှာဖြစ်သလို စစ်တောင်းမြစ်ရေဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ပေခွဲခန့်ရောက်ရှိနေပြီး ၁ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်သော်လည်းစိုးရိမ်ရေမှတ်အထက်မှာသာ ဆက်လက်ရှိနေမှာဖြစ်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အနေနဲ့ သတိပြု နေထိုင်ကျဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။
လက်ရှိမှာလည်း ဘီးလင်း၊မဒေါက် ၊ဘားအံ၊မြ၀တီမြို့နယ် တို့မှ အနိမ့် ပိုင်းဒေသတွေမှာ ရေဝင်ရောက်မှု တွေ ဖြစ်နေပြီ နေထိုင်သူ ပြည်သူ တွေ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။
 
ဇူလိုင်၁၂ရက် ဒီကနေ့ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းတို့ကြောင့် လာမယ့် ဇူလိုင် ၁၈ရက် အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာမှာ ဖြစ်ပြီး အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးမယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
Photo-CJ

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်
Nov 04, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025