NEWS

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နိုဝင်ဘာ ၄ ရက်မှ ၆ ရက်အထိ မိုးကြီးမည်

CoverLogo
500 Views
မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း ဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့်လည်းကောင်း၊ အထက်ပင့်တက်လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းတဲ့ အတွက် မိုးတိမ်တောင်များဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း နိုဝင်ဘာ၄ရက်မှ ၆ရက်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်တွေ မှာ ဒေသအလိုက် မိုးကြီးခြင်း များ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
 
နိုဝင်ဘာ၃ရက် ညနေ၃နာရီ ၃၀မိနစ် အချိန် တိုင်းထွာချက်များအရ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အထူးမိုးလေဝသ သတင်း အဖြစ် သတိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
 
မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သလို ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့သတိပေးထားပါတယ်။
 
ဒါ့အပြင် ပြည်တွင်းရေကြောင်း သွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်တာတွေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင် ဖို့ လည်းနှိုးဆော်ထားပါတယ်။
 
ယခုမိုးဟာ အချိန်အခါမဟုတ် ရွာသွန်းမှု ဖြစ်ပေါ် နိုင်တဲ့ အတွက် မိုးစပါးရိတ်သိမ်းချိန် အဖျက်မိုးအဖြစ် ကြုံတွေ့ရနိုင်ပြီး လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လေပြင်းတိုက်ခြင်း၊မိုးကြီးခြင်းနဲ့ လှိုင်းကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ရာ ကမ်းနီးကမ်းဝေး ငါးဖမ်းထွက်ခြင်းတို့ကို ရပ်နားထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း သတိပေးထားပါတယ်။

Related posts

Cover
အားကောင်းသော မုန်တိုင်းငယ် မွန်ပြည်နယ် ကျိုက်ထိုမြို့၏ တောင်ဘက်မှ စတင်ဖြတ်ကျော် အညိုအဆင့်သတိပေးချက် မိုးဇလ ထုတ်ပြန်
Sep 28, 2026
Cover
အနီရောင်အဆင့် မုန်တိုင်းငယ်  မော်လမြိုင် သုံးခွနှင့်ပဲခူးအနီးကို ဗဟိုပြုနေ
Sep 28, 2026
Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
နိုဝင်ဘာ တတိယ ၁၀ ရက် ပတ်အတွင်း လာနီညာ ဖြစ်ပေါ် နိုင်ဟု မိုးဇလအသိပေး
Nov 21, 2025
Cover
တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အရှိန်ကြောင့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း မိုးထစ်ချုန်းရွာမည်ဟုဆို
Nov 06, 2025
Cover
အပူပိုင်းမုန်တိုင်း “ဖန်ရှန်” (FENGSHEN) အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးထစ်ချုန်း ရွာမည်။
Oct 20, 2025