NEWS

ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်

CoverLogo
713 Views
 
ငလျင်ဘေးကြောင့် ပျော်ဘွယ်မြို့ ကမ္ဘောဇ(KBZ) ဘဏ် ပြိုကျပျက်စီးမှုမှာ သေဆုံးခဲ့ရသူတွေအတွက် ဝေဖန်မှု တွေ ရှိခဲ့ကြောင့်င့် KBZ ဘဏ် လူမှုကွန်ရက်စာမျာနှာ ဖေ့ဘွတ်ကနေ ဒေသခံမျက်မြင်ကြုံတွေ့ရသူတွေရဲ့ ပြောဆိုချက်ဆိုပြီး ရုပ်သံဖိုင်နဲ့ ဧပြီ ၉ရက်ညပိုင်းမှာ ဖြေရှင်းချက်ထုတ်ပြန်ပါတယ်။
 
“ကျွန်တော်က အဲ့အချိန်ကဘဏ်လုံခြုံရေးကျနေတာပါ။ ဘဏ်ပြိုကျတဲ့အချိန်မှာ ကိုယ့်အသက်ကို လုပြီး ပြေးရတာပါ။ ဘဏ်တံခါးပိတ်ချိန်လည်းမရပါဘူး။” လို့ ဘဏ်လုံခြုံရေးတာဝန်ထမ်းဆောင်သူ တဦးက ရုပ်သံဖိုင်မှာ ရှင်းပြထားပါတယ်။
 
ငလျင်လှုပ်ခတ်ချိန်မှာ ပျော်ဘွယ် KBZ ဘဏ် အဝင်အထွက်တံခါးကို ပိတ်ချခဲ့တယ်လို့ ပြောဆိုမှုတွေ အများအပြား ရှိခဲ့တဲ့အပြင် ကယ်ဆယ်ရေးကာလမှာ ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေရဲ့ အသက်ကိုဦးစားပေး ကယ်တင်ခြင်းမရှိဘဲ အပျက်အစီးကြားက ငွေသားတွေကိုသာ ဦးစီးပေးရှာဖွေခဲ့တဲ့ ရုပ်သံဖိုင်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
 
အခု ထုတ်ပြန်ချက်မှာ ဘဏ်တံခါးပိတ်ချလိုက်တယ်ဆိုတဲ့ ဝေဖန်ချက်နဲ့ အဆောက်အဦးက အလျင်အမြန် ပြိုကျခဲ့တဲ့ အကြောင်းကိုသာ အဓိကထား ဖြေရှင်းချက်ထုတ်ထားတာဖြစ်ပြီးအသက်ရှင်ကျန်နေသူတွေကို အချိန်မီ ကယ်ဆယ်ပေးဖို ကြန့် ကြာခဲ့တာနဲ့ ငွေသားရှာဖွေမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို တိုက်ရိုက်ဖြေရှင်း ပြောဆိုတာမရှိခဲ့ပါဘူး။
 
ပျော်ဘွယ် KBZ ဘဏ် အဆောက်အဦက ငလျင်လှုပ်ခပ်မှုကြောင့် အချိန်အနည်းငယ်အတွင်း ပြိုကျခဲ့ပြီး ဘဏ်အတွင်းက ဝန်ထမ်း ၁၀ ဦး၊ အာမခံ ဝန်ထမ်း ၁ ဦးနဲ့ ဖောက်သည် ၉ ဦး သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
 
ငလျင်လှုပ်ခတ်မှုကြောင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေဖြစ်တဲ့ KBZ ၊ CB ၊ MCB ဘဏ်က ဝန်ထမ်းတွေ သေဆုံးခဲ့တယ် ဗဟိုဘဏ်က ထုတ်ပြန်ထားပေမဲ့ သေဆုံးခဲ့တဲ့ ဘဏ်ခွဲနဲ့ ဝန်ထမ်းအရေအတွက်ကို ထုတ်ပြန်တာမရှိပါဘူး။
 
KBZ ဘဏ်အနေနဲ့ လွတ်မြောက်သူတွေနဲ့ ဒဏ်ရာရသူတွေအတွက် အရေးပေါ်ကုသမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အချိန်နဲ့တပြေးညီ ပံ့ပိုးထားပြီး ထိခိုက်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲ ထုတ်ပြန်ထားပါတယ်။ ကျန်ရစ်သူ မိသားစုတွေအတွက်လည်း လိုအပ်တဲ့ အထောက်အပံ့တွေကို KBZ ဘဏ်က ဖြည့်ဆည်း ပေးနိုင်ဖို့ ကြိုးပမ်းမယ်လို့လည်း ဖော်ပြထားပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026