NEWS

ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ

CoverLogo
552 Views
 
မြန်မာနိုင်ငံရှိ ငလျင်သင့်ဒေသတွေမှာနေထိုင်တဲ့ လူဦးရေ ၄ဒသမ၃သန်းကျော် သန့်ရှင်းသောရေနဲ့သန့်ရှင်းရေးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ United Nation OCHA Myanmar က ထုတ်ပြန်ထားပါတယ်။
မတ်လ၂၈ရက်က မြန်မာနိုင်ငံ အတွင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ငလျင်ဒဏ် ပြင်းထန်စွာခံစားရတဲ့ နေရာတွေ မှာ ရေပေးရေးစနစ် ပျက်စီးကုန် ပြီး အိမ်သာအလုံးရေ ၄၂၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး မမှန်တာကြောင့် ရေတင် ဖို့ အခက်ခဲ များ ရှိနေတဲ့ အတွက် အခြေနေတွေ ပိုဆိုးမလာခင် ငလျင်ဘေးဒဏ်ခံရတဲ့ ထိခိုက်လွယ်သူ (၁) သန်းကို ဘေးကင်းတဲ့ရေ၊ အရေးပေါ် အိမ်သာနဲ့ တကိုယ်ရေသန့်ရှင်းရေး အကူညီတွေ ပေးသွားဖို့
လူသားချင်းစာနာ တဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ရည်မှန်းထားတယ်လို့ United Nation OCHA Myanmar က ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်တွင်လည်း ငလျင်ဘေးသင့် တဲ့ လူဦးရေ ၂ဒသမ ၄သန်းခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဆေးဝါးပစ္စည်း ထောက်ပံ့ရာမှာ လမ်းပန်းဆက်သွယ်ရေး က အဓိက စိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး ငလျင်ဒဏ်ကြောင့် လမ်းတွေ ပျက်စီးသွားတဲ့ အတွက် သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တတ်ကာ ထောက်ပံရေးပစ္စည်း များ ပြန်လည်ဖြည့်တင်း ဖို့ အခက်ခဲ ရှိတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်သင့် ဒေသတွေ မှာ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ငှက်ဖျား၊သွေးလွန်တုတ်ကွေး၊တီဘီ၊ HIVနဲ့ ကာကွယ်ဆေးနဲ့ကာကွယ်နေရတဲ့ ရောဂါ အန္တရာယ်တွေ မြင့်တက်နေ
တယ်လို့သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026