NEWS

ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း

CoverLogo
672 Views
 
ငလျင်လှုပ်ခတ်မှုကြောင့် ဆိုကာ စစ်ကောင်စီမှ ခရီးသွားအလည်အပတ်ဗီဇာ (Tourist Visa)လျှောက်ထားမှု ကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
 
၂၀၂၅ခုနှစ် ဧပြီ ၃ရက် က စပြီး နိုင်ငံခြားသားများ Tourist Visa နဲ့ မြန်မာပြည် ဝင်လာခြင်းကို ယာယီပိတ်လိုက်ခြင်း ဖြစ်ကာ မည်သည့်ရက်မှ ပြန်လည်ဖွင့်လှစ်မှာကို အတိအကျ မကြေညာထားဘဲ ဝန်ဆောင်မှု ပြန်လည်စတင်ပါက ထပ်မံ ကြေညာမယ်လို့ အသိပေးထားပါတယ်။
Business Visa လျှောက်လွှာ ကိုတော့ ပုံမှန် အတိုင်း ဆက်လက် လက်ခံသွားမယ်လို့ ကြေညာထားတဲ့ အတွက် Business Visa နဲ့သာ မြန်မာနိုင်ငံကို လာရောက် လို့ရမယ်လို့သိရပါတယ်။
 
မတ်လ၂၈ရက်က အင်းအားပြင်း ငလျင်လှုပ်ခတ်ခဲ့တာ မှာ ငလျင်ဒဏ်သင့်နေရာတွေ ကို နိုင်ငံတကာ သတင်းဌာနတွေ က မြန်မာနိုင်ငံသို့ လာရောက် သတင်းယူခွင့် တင်ပြလျှောက်ထားပေမယ့် စစ်ကောင်စီ ဘက်မှ နေထိုင်တည်းခိုစရာ အဆင်မပြေနိုင် လို့ ဆိုကာ သတင်းယူခွင့် မပြုခဲ့ပါဘူး။
စစ်ကောင်စီ အနေနဲ့ ငလျင်လှုပ်ခတ်မှု အပြီး အခုလို ခရီးသွားအလည်အပတ် ဗီဇာ ထုတ်ပေးတာ ကို ရပ်ဆိုင်းခဲ့သလို ငလျင်ဘေး အတွက် ကယ်ဆယ်ရေး ဆောင်ရွက်လိုတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့စည်းတွေ အနေနဲ့ ကြိုတင်အကြောင်းကြားမှသာ လုပ်ဆောင်ခွင့်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
 
အခုလို စစ်ကောင်စီက ငလျင်လှုပ်ခတ်မှု အတွက် ကူညီကယ်ဆယ်သူတွေကို ကန့်သတ်တာတွေ နိုင်ငံတကာ မီဒီယာတွေ ကို ဝင်ခွင့်မပြုတာတွေ အတွက် ကုလသမဂ္ဂ မှ ရှုတ်ချထားပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026