NEWS

အာဏာသိမ်းခံရသည့် ၃ နှစ်ခွဲကာလအတွင်း အကျဉ်းထောင်များတွင် အဖမ်းခံထားရသူ နိုင်ငံရေးအကျဉ်းသား/သူတစ်သောင်းကျော်ရှိ

CoverLogo
229 Views

စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ ၃နှစ်ခွဲ ကာလ အတွင်း အကျဉ်းထောင်အသီးသီး မှာ  ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား/သူ ၁၀၉၂၄ ဦး ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

အခုလို အဖမ်းခံရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ ၁၀၉၂၄ ဦးထဲ မှာအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် နိုင်ငံရေးအကျဉ်းသား/သူ ၁၅၃၉ ဦး ပါရှိတယ်လို့ ဆိုပါတယ်။

လတ်တလောအခြေနေ အရ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်တွေ အတွင်း မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြား အကျဉ်းသား တွေအပေါ် ထောင်အာဏာပိုင်တွေ က မတရားညှဉ်းပန်းနှိပ်ဆက်မှု၊ ထောင်ပြောင်းရွှေ့မှု ၊ မိသားစု များနဲ့ ထောင်ဝင်စာပေးမတွေ့ခြင်း၊ ထောင်ဝင်စာဖြတ်တောက် ထားခြင်း၊ စားသုံးနေရတဲ့ ထောင်အတွင်းအစားသောက်တွေက ကျန်းမာရေးနဲ့ ကိုက်ညီမှု မရှိတာတွေ နဲ့ ကျန်းမာရေး ထိခိုက်လာကျတဲ့အခါ လုံလောက်တဲ့ဆေးကုသမှု မပေးတဲ့ အတွက် သေဆုံးတဲ့ ဖြစ်စဉ်တွေ အပါအဝင်  လူသားချင်းစာနာထောက်ထားမှုအခွင့်ရေးများစွာ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထောင်ပြောင်းတယ်ဟုဆိုကာ ထောင်ပြင်ပ ကို ထုတ်ပြီး အသတ်ခံရသူ ၃၀ဦး၊ ထောင်တွင်းရိုက်နှက်ခံရတာကြောင့် သေဆုံးသူ၁၇ ဦး ထောင်မှ ထုတ်ပြီး စစ်ကြောရေး ဟုဆိုကာ ထပ်မံစစ်ဆေးရေးပြုလုပ်စဉ် အသတ်ခံရသူ၄ဦး၊ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးသူ ၂၅ဦး တို့ စုစုပေါင်း ၇၆ဦးသေဆုံးခဲ့ကာ ထိုသေဆုံးသူတွေထဲ မှ NLD ပါတီဝင် ၁၁ဦးပါရှိတယ်လို့ သိရပါတယ်။

အခုကဲ့သို့ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင်အသီးသီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသားများ အခြေခံလူ့အခွင့်ရေးနှင့် မြန်မာနိုင်ငံ အကျဉ်းထောင် လက်စွဲဥပဒေပါအတိုင်း ခံစားခွင့်တွေ မရရှိဘဲ  စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာတွေ ကို အများပြည်သူ သိရှိစေရန် အခုလို အသိပေး တင်ပြခြင်း ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

 


Related posts

Cover
သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်မှုများရှိနေ
Oct 03, 2024
Cover
He MeT company Limitedတွင် စစ်တပ်က အမျိုးသားအလုပ်သမားစာရင်းလာရောက်ကောက်ယူ
Oct 02, 2024
Cover
ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ
Sep 27, 2024
Cover
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Sep 27, 2024
Cover
ကိုရင်တစ်ပါးရိုက်နှက်နှိပ်စက်ခံရပြီး ပျံလွန်တဲ့ အပေါ်ဝေဖန်မှုများမြင့်တက်နေ
Sep 25, 2024
Cover
29 ရွှေဆိုင်မှာ စရံငွေ ၂ သိန်းပေး အလုပ်လုပ်ရပြီး  စရံပြန်တောင်းလျှင်ခြိမ်းခြောက်ခံရဟုဆို
Sep 25, 2024
Cover
လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာ အလုပ်သမား ၃ ဦး  မျက်လုံးကွယ်ခဲ့ရပြီး စက်ရုံက နစ်နာကြေးမပေးဟုဆို
Sep 25, 2024
Cover
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ NUG အလုပ်သမားဝန်ကြီးဌာနတောင်းဆို
Sep 20, 2024