NEWS

စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု

CoverLogo
1.3K Views

စင်္ကာပူ နိုင်ငံ အတွက် တရားဝင် မြန်မာလုပ်သား စေလွှတ်ရာတွင် အလုပ်ခေါ်စာ တင်ပြခွင့် ကို လိုင်စင်ရ အေဂျင်စီ တစ်ခု လျှင် တစ်လ ကို လုပ်သား၅ဦး ခွင့်ပြုမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ ၂၅ရက် မှာ ထုတ်ပြန်ကြေညာပါတယ်။ 

 

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံ ကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်တွေ ကို နေ့စဉ် ထုတ်ပြန်ကြေညာနေတာမှာ  ထိုင်းနိုင်ငံအတွက် ၅၀ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅နဲ့ ကိုရီးယားနိုင်ငံအတွက် ၁၀ဦး အဖြစ် ကန့်သက် ကြောင်း   ကြေညာ ခဲ့ပြီး ယခုမှာ စင်ကာပူ အတွက် လုပ်သား ၅ဦး ခွင့်ပြုတယ်လို့ ထပ်မံ ထုတ်ပြန်တာ ဖြစ်ပါတယ်။ 

 

"" ပြည်ပကို လုပ်သား စေလွှတ်တာ အကုန်ပိတ်မယ်ဆိုလည်း ပိတ်ပလိုက် အခုဟာက လုပ်ငန်း တစ်ခု လည်ပတ်လို့ရမယ့် အနေထား မရှိတော့ဘူး တစ်လ လုံး မှ လူဦးရေ ဒီလောက် ဒါတောင် တစ်လ ကို တခါ ပဲ တင်ပြခွင့်ပေးတာမျိုးတွေ ဆိုတော့ လိုင်စင်ရအေဂျင်စီ တွေ လည်း အတော်ခေါင်းကိုက်နေပြီ တချို့ အေဂျင်စီတွေလည်း အခြေနေစောင့် ကြည့်တဲ့သဘောနဲ့ လိုင်စင် တွေ ပြန်မအပ်သေးတာပဲ ရှိတော့တယ် တခြား လုပ်ငန်းတွေကို ပြောင်း လုပ်နေပြီ ""လို့ လိုင်စင်ရအေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ရက် မတိုင်မီ က တင်ပြထားတဲ့ အလုပ်ခေါ်စာ တွေ ကို လည်း ပြန်လည် စိစစ်မှာ ဖြစ်တဲ့အတွက်  လုပ်သား ငါးဦးအထက် ပိုနေတဲ့ အလုပ်ခေါ်စာ တွေ ကို ပြန်လည်ပြင်ဆင်ပြီး မတ်လ၂၅ရက်က စကာ ပြင်ဆင်တင်ပြဖို့ အသိပေးထားကာ တစ်လ ကို တစ်ကြိမ်သာ တင်ပြရမယ်လို့ ဆိုပါတယ်။ 

 

အလုပ်ခေါ်စာ အသစ်တွေ ကိုတော့ လာမယ့် မေလ ၂ရက် နေ့ မှ စပြီး တင်ပြနိုင်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026