NEWS

၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို

CoverLogo
784 Views

လာမယ့် ဧပြီလနဲ့ မေလတွေမှာ စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ ဆန်အိတ်(၄)သိန်းတို့ကို ဝယ်ယူသွားမယ် လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာဝယ်လိုအားကျဆင်းခြင်း၊ ပြည်တွင်းဝယ်လိုအားကျဆင်းခြင်း အတွက် ဧည့်မထနွေစပါး စိုက်ပျိုးတဲ့ တောင်သူလယ်သမားတွေ ရောင်းချဖို့ အခက်ခဲ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင်​ ပို့ကုန် ကုမ္ပဏီတွေ၊ အသင်းဝင် ဆန်စက်ကြီးတွေ ညှိနှိုင်းပေါင်းစပ် ပြီး  နှစ်လအတွင်း စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ အိတ်(၄)သိန်းကို ဝယ်ယူမယ် လို့ ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ နွေစပါး ဈေးကွက်မှာ တင်း ၁၀၀ ကို ၁၅သိန်း ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိ သလို ဝယ်ယူမှု လည်း နည်းနေတယ်လို့ သိရပါတယ်။

ဆန်စပါးအသင်းချုပ်က စပါးတင်း သိန်း(၁၅၀)နဲ့ ဧည့်မထ အိတ်(၄)သိန်းကိုဝယ်ယူသွားမယ် လို့ ဆိုထားပေမယ့် ဈေးနှုန်းကိုတော့  ဖော်ပြခြင်းတော့ မရှိသေးပါဘူး။

၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပေါင်းဆန်တန်ချိန်(၃)သိန်း တင်ပို့ရောင်းချနိုင်ရေးလျာထားပြီး  ပေါင်းဆန်စက်(၃၀)ကိုလည်း အဆင့်မြင့်တင်မယ် လို့ ဆိုပါတယ်။

ဒါ့အပြင် လက်မှတ်ရေးထိုးထားတဲ့ ဆိုလာကုမ္ပဏီ(၁၁)ခုနဲ့ ပြည်ပဆန်တင်ပို့နေတဲ့ ဆန်စက်ကြီးများ တွင်  (၄၁.၅)မဂ္ဂဝပ် ကိုစတင် ဆောင်ရွက်ဖို့နဲ့ နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်‌နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026