NEWS

ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ

CoverLogo
556 Views
 
စစ်ကောင်စီရဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေက ငွေကြေးမသမာမှုတွေပြုလုပ်ပြီးမှ စစ်မှုထမ်း စုဆောင်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ စစ်ကောင်စီ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဝန်ခံ ပြောဆို ပါတယ်။ ကလောတပ်နယ်က စစ်တပ် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် အခုလို ဝန်ခံခဲ့တာဖြစ်ပြီး ဒီကနေ့ မတ်လ ၂၁ ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။
ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရသူတွေ အခက်အခဲ အကျပ်အတည်း ဖြစ်ပေါ် လာပြီး ဒီပြဿနာကို ဖြေရှင်းနေတယ်လို့လည်း ပြောဆိုခဲ့ပြီးနောက် တပ်ဖွဲ့ဝင်အနေနဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲတွေရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ တွေ့ရှိရင် အချိန်နဲ့တပြေးညီ တင်ပြဖိုလိုတယ်ဆိုပြီးလည်း ပြောဆိုထား ပါတယ်။
 
တပ်ဖွဲ့ဝင်လိုအပ်ချက်အရ စစ်မှုထမ်းဖိုအတွက် ဆင့်ခေါ်ခံရသူတွေဟာ ငွေကြေးပေးပြီး လူစားထိုး စစ်မှုထမ်း တာတွေနဲ့ စစ်မူထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေက ငွေကြေးအတင်းအဓမ္မတောင်းခံ တာတွေရှိရင် တိုင်ကြားဖို့ စစ်ကောင်စီကထုတ်ပြန်ခဲ့ပေမဲ့ အခြေခံအလုပ်သမားတွေနဲ့အသက်မပြည့်တဲလူငယ်တွေ စုဆောင်းခံရတာ၊ ငွေပမာဏ များစွာပေးခဲ့ရတာတွေက နေရာအနှံမှာ ဖြစ်ပေါ်ခဲ့တာကို လူမှုကွန်ရက်ကတဆင့် တွေ့မြင်ခဲ့ ရပါတယ် ။ စစ်မှုထမ်းနဲ့ ပတ်သက်ပြီး ငွေကြေးတောင်းခံသူတချို့ကို အရေးယူခဲ့တာကို စစ်ကောင်စီက အကြိမ်အနည်းငယ် ထုတ်ပြန်ခဲ့ပါတယ်။
 
“အလုပ်သမားတွေ အခုထိ ထိတ်လန့်နေကြရတုန်းပါ။ ပေါ်တာဆွဲတယ်၊ တပ်သားစုဆောင်းတယ်ဆိုတာ လက်ရှိ အချိန်အထိ ရှိနေပါသေးတယ်။ အသိ တစ်ယောက်ဆိုရင် ၁၀သိန်း မပေးနိုင်လို့ စစ်မူထမ်းထဲ ပါသွားတယ်။ အတင်းကို ဖမ်းခေါ်သွားတာ ။ အဆက်သွယ်ရတော့ ၁၀ သိန်းပေးရမယ် ဆိုပြီး မပေးနိုင်လို့ ပြန်မထွက် လာတော့ဘူး။ ဒီလိုတွေ တစ်နေ့လုပ် တစ်နေ့စား အလုပ်သမား တယောက်အနေနဲ့ မကြုံ ရဲဘူး။ အခုထိ အထိတ်တလန့်နဲ့ သွားနေလာနေ လုပ်ကိုင်နေရဆဲပါ။ ”လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ နှစ်လဝန်းကျင်က စက်မှုဇုန်အတွင်း အလုပ်ရှာနေသူတချို့နဲ့ အလုပ်ပြန်ချိန်မှာ အလုပ်သမားတချို့ အတင်းအဓမ္မ စစ်သား စုဆောင်း ခံခဲ့ရပြီး သက်ဆိုင်ရာ မိသားစုဝင်တွေမှာ လူမှုဒုက္ခအသီးသီး ခံစားခဲ့ရတယ်လို့ ကိုယ်တိုင် ကြုံတွေ့သူတွေကလည်း Myanmar Labour News ကို လာရောက်ပြောဆိုပါတယ်။
 
၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အာဏာတည်ခဲ့တဲ့ စစ်မှုထမ်းဥပဒေနဲ့ အမျိုးသား စစ်မှုထမ်းတွေကို စုဆောင်းနေတာက အခုဆိုရင် အပတ်စဉ် ၁၁ ကိုရောက်နေပြီ ဖြစ်ပါတယ်။
 
နိုင်ငံအတွင်းက တချို့ မြိုနယ်၊ရပ်ကွက်တွေမှာ စစ်မူထမ်းသူတွေကို လစဉ်ထောက်ပံ့ဖိုဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အိမ်တစ်အိမ်ကို အနည်းဆုံးကျပ် တစ်သောင်းကနေ ကျပ်ငါးသောင်းအထိ ကောက်ခံနေတယ်တွေလည်း ရှိနေတယ်လို့ ပြည်သူတချို့က ပြောဆိုထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026