NEWS

၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု

CoverLogo
1K Views

ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနှင့်မလေးရှားနိုင်ငံ တို့မှ လွဲပြီး ကျန်နိုင်ငံ များ အတွက်  အလုပ်ခေါ်စာ ကို အေဂျင်စီ တစ်ခု လျင်  တစ်လကိုအလုပ်သမား ၁၀ ဦးသာ ခွင့်ပြုမယ်လို့ မတ်လ-၂၇ရက် မှာ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

 

မတ်လ ၂၂ရက် ကစပြီး မြန်မာနိုင်ငံ ကနေ အလုပ်သမားစေလွှတ်နေတဲ့ နိုင်ငံအလိုက် အလုပ်ခေါ်စာ လူဦးရေကန့်သက်ချက်တွေ ကို နေ့စဉ် နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာနေတာမှာ  ထိုင်းနိုင်ငံအတွက် ၅၀ဦး၊ ဂျပန်နိုင်ငံအတွက် ၁၅နဲ့ ကိုရီးယားနိုင်ငံအတွက် ၁၀ဦး စင်ကာပူ အတွက် လုပ်သား ၅ဦး နဲ့ ယခု တွင် မလေးရှား အတွက် လုပ်သား၂၀ဦး နဲ့အခြားနိုင်ငံတွေ ကို တော့ ၁၀ဦးသာခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 

""အခြား နိုင်ငံ တွေ ထဲ မှာ လာအိုပါ ပါနေတယ် လာအိုက အလုပ်ခေါ်စာ တွေ က လူဦးရေ ၅၀၊  ၁၀၀ ခေါ်တာများတာ အခုက ၁၀ဦးဆိုတော့ အဆင်မပြေဘူး အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်သားဦးရေ ကန့်သက်ချက်တွေ အပေါ် အေဂျင်စီ တွေ အစည်းဝေး လုပ်ဖို့ရှိတယ် အေဂျင်စီ တွေ ရဲ့ အခက်ခဲ တွေ တင်ပြဖို့အစီစဉ်ရှိပါတယ်""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

 

၂၀၂၅ခုနှစ် ဇန်နဝါရီ ၃၀ရက် မတိုင်မီ  က အခြားနိုင်ငံ တွေ အတွက် အေဂျင်စီ တွေ မှ အလုပ်ခေါ်စာ တင်ပြ တာမှာ သတ်မှတ်လူဦးရေ ၁၀ဦး အထက် ပိုနေပါက ပြန်လည်ပြင်ဆင်တင်ပြရမယ်လို့ ဆိုပါတယ်။ 

 

အလုပ်ခေါ်စာ အသစ်တွေကိုတော့ လာမယ့် မေလ ၂ရက် စတင်လက်ခံမယ်လို့ အသိပေးထားပါတယ်။ 

 

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အနေဖြင့် လည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန က နေ့စဉ် ထုတ်ပြန်နေတဲ့ ပြည်ပစေလွှတ်ရေးလုပ်ငန်းစဉ်နဲ့ပက်သက်ပြီး အသင်းဝင်အေဂျင်စီ တွေရဲ့ အားနည်းချက် အားသာချက် တွေ ကို မတ်လ ၂၈ရက်မှာ ဆွေးနွေးညှိနှိုင်းပြီး အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ကို ပြန်လည်တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။ 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026