NEWS

ဝန်အားမနိုင်မနင်း ဖြစ်လို့ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း မီးပျက်ချိန် ၄ နာရီ ထပ်တိုး

CoverLogo
358 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓါတ်အားစနစ်အတွင်းဝန်အားမနိုင်နင်းမှု​ကြောင့် ဆိုကာ အလှည့်ကျမီးပျက်ချိန်  ၄ နာရီ ထပ်တိုးလိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက် မှာ မြို့နယ်လျှပ်စစ်ရုံး အချို့က ထုတ်ပြန်လိုက်ပါတယ်။

ည ၉ နာရီမှ နံနက် ၁ နာရီ အထိ တစ်ချိန်ထပ်တိုး၍ အလှည့်ကျဝန်အား​​ လျှော့ခြင်း​ဆောင်ရွက်သွားမယ်လို့အသိ​ပေး​ကြေညာထားပါတယ်။

သာကေတမြို့နယ် လျှပ်စစ်ရုံးရဲ့ ကြေညာချက်မှာတော့ အများပြည်သူအား ဓာတ်အားပေးနေတဲ့ Group A and B အား မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ဓာတ်အားပိတ်ပြီးမနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group. B ဓာတ်အားပိတ်မယ်လို့ဆိုပါတယ်။

နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ဓာတ်အားပိတ်ပြီး ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ဓာတ်အားပိတ် မှာဖြစ်ကာည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ဓာတ်အားပိတ်ပါမယ်လို့ သိရပါတယ်။

မနက် ၁ နာရီမှ မနက် ၅ နာရီအထိကိုတော့  Group A and B နှစ်စုလုံးအား ဓာတ်အားပေးထားမယ်လို့ ကြေညာထားပါတယ်။

အခုလိုဓါတ်အားဖြတ်တောက်ချိန် တိုးလိုက်တဲ့ အတွက် ယခင်က ရန်ကုန်တိုင်းအတွင်း အုပ်စုAနဲ့အုပ်စုB နှစ်စု ခွဲပြီး တစ်ရက်ကို ၈နာရီ ဓါတ်အားဖြတ်တောက် ရာ ကနေ လက်ရှိမှာ ၄ နာရီ အချိန် ထပ်တိုး တဲ့ အတွက် တစ်ရက်လျှင် ၁၂နာရီကြာ မီးပျက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ
Mar 31, 2025
Cover
ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ
Mar 31, 2025
Cover
ရန်ကုန်မြို့တွင် ၄ နာရီ အလှည့်ကျ လျှပ်စစ်မီးဖြန့်ဝေပေမဲ့ မိနစ် အနည်းအငယ်သာ သုံးခွင့်ရ
Mar 31, 2025
Cover
ငလျင်ကြောင့် မန္တလေး တက္ကသိုလ်  ပြိုကျပြီး မီးလောင်မှု ဖြစ်ပွားနေ
Mar 28, 2025
Cover
မြန်မာနိုင်ငံတစ်ဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်မှုဖြစ်ပွား  ပျက်စီးဆုံးရှုံးမှု များပြားနိုင်
Mar 28, 2025
Cover
ရန်ကုန်တွင် လျှပ်စစ်မီးကို ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ဓာတ်အား  ဖြန့်ဖြူးမှု ပြန်လည်လုပ်ဆောင်
Mar 25, 2025
Cover
ဇွဲကပင်တောင်ခြေ တောမီးလောင်မှု အခြေ အနေ ထိန်းထားနိုင်ပြီဟုဆို
Mar 25, 2025
Cover
၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025