NEWS

ဇွဲကပင်တောင်ခြေ တောမီးလောင်မှု အခြေ အနေ ထိန်းထားနိုင်ပြီဟုဆို

CoverLogo
604 Views

မတ်လ၂၃ရက် နေ့လည်ပိုင်းကတည်းက  မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဇွဲကပင်တောင်ခြေ ရှိ တော မီးလောင်ကျွမ်း တဲ့ အခြေနေဟာ မတ်လ၂၄ ရက် မှာ  ထိန်းထားနိုင်ပြီလို့ မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ဒေသခံတွေထံ မှ သိရပါတယ်။ 

 

ကရင်ပြည်နယ် ဘားအံခရိုင် ဘားအံမြို့နယ် တော်ပုံကျေးရွာ ဒန့်သလွန်ဘုန်းကြီးကျောင်း အနောက်နဲ့ ဇွဲကပင် ဟိုတယ် အနောက် ၂ နေရာတွင်  မတ်လ၂၃ ရက်မွန်းတည့် ၁၂နာရီ ခန့်က ဇွဲကပင်တောင်ခြေ အမြင့်ပေ ၅၀၀ခန့် အထိ တောမီးလောင် မှု ဖြစ်ပွားခဲ့ရာ ညပိုင်းအထိ မီးလောင်ကျွမ်းမှု များခဲ့တဲ့ အတွက်ဒေသခံ တွေ စိုးရိမ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ 

 

""ဇွဲကပင်တောင်က နှစ်တိုင်း မီးလောင်တယ် ဒီနှစ်က မီးပိုများသွားလို့ စိုးရိမ်စရာ ဖြစ်သွားတာ အခုတော့ တောမီးလောင်ကျွမ်းမှုအခြေနေ လျော့ကျသွားပါပြီ တောင်ပေါ်မှာလည်း ထိခိုက်မှု ဘာညာ မရှိဘူး လို့ ကြားပါတယ်""လို့ ဘားအံမြို့နေဒေသခံတစ်ဦးကပြောပါတယ်။ 

 

မီးလောင်မှုဖြစ်ပွားရာနေရာကို ဘားအံမြို့နယ် ခရိုင် မီးသတ်ဦးစီးဌာန မှ တပ်ဖွဲ့ဝင်တွေ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့မြို့နယ်လူမှုကူညီရေးအသင်းတွေက ညလုံးပေါက်ငြိမ်းသတ်ခဲ့တာမှာ မတ်လ၂၄ရက် မနက် ၃နာရီ ခန့်မှာ မီးညွန့်ကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ 

 

ကရင်ပြည်နယ်ရဲ့ အမှတ်သားတစ်ခုဖြစ်တဲ့ ဇွဲကပင်တောင် ကို  ပြည်တွင်း ပြည်ပ ခရီးသွားတွေ အများဆုံးလာရောက်တဲ့နေရာ ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ပေမြင့်ပြီး ဘားအံမြို့ရဲ့ တောင်ဘက် ၇မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတည်ရှိပါတယ်။ 

 

တောင်ပေါ်သို့ အတတ်အဆင်းပြုလုပ် နိုင်တဲ့နေရာ ၂နေရာ ရှိပြီး တစ်ခုမှာ ခလောက်နို့ကျေးရွာဝင်ပေါက်ဖြစ်ကာ နောက်တစ်ခုမှာ လုံမဏ္ဏီ ဥယျာဉ်ဝင်ပေါက် တို့ဖြစ်ပြီး သံလွင်တံတားနဲ့ နီးတာကြောင့် ခရီးသွားများ အများဆုံးတတ်ရောက်တဲ့ ဝင်ပေါက်ဖြစ်တယ်လို့ သိရပါတယ်။ 

 

Photo- Saw Chaint Phaung FB

 


Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026