NEWS

ငလျင်လှုပ်ခတ်ပြီးနောက် ကုန်ပစ္စည်းတချို့ ဈေးနှုန်းမြင့်တက်လာ

CoverLogo
647 Views
 
နိုင်ငံအတွင်း ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က မြေငလျင်ကြီးလှုပ်ခတ်ပြီးနောက် တချို့ ကုန်ပစ္စည်း ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ရန်ကုန်ဒေသခံ ပြောပါတယ်။ မြေငလျင်က နိုင်ငံမြို့တော်နေပြည်တော်၊ စီးပွားရေးလုပ်ငန်း အများအပြားရှိတဲ့ မန္တလေးမြို့တို့က လုပ်ငန်းတွေနဲ့ နေအိမ်တွေ အများအပြား ပျက်စီးခဲ့ပြီး ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးတဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့တွေမှာပါ ထိခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
“ငလျင်လှုပ်ပြီးကတည်းက နောက်ရက်ကစပြီး ဈေးတွေတက်လာတယ်။ လျှပ်စစ်မီးလည်းပျက်တယ်။ အဓိကက ရေသန့်ဈေး တက်လာတယ်။ ရေသန့်တစ်ဗူး ၁၂၀၀ ပေး သောက်ရတယ်။ လျှပ်စစ်မီးမရတာ့ ရေကမရ၊ သုံးရေ ကို ပါ ဝယ်သုံးလာရတယ်။ ရန်ကုန်မှာ ဈေးတွေတက်တာက အကုန်ခက်ခဲရပါတယ်။”လို့ ဒေသခံ အိမ်ရှင်မ တဦးက ပြောပါတယ်။
ရက်ပိုင်းအတွင်း ဆန်၊ သောက်ရေသန့်၊ မီးသွေး၊ ဂက်စ်၊ သုံးရေ၊ စားသောက်ကုန်အသီးအရွက် အသားငါး၊ ကုန်ခြောက်၊ ကြက်ဥ ဘဲဥနဲ့ မုန့်တချို့၊ အခြား အသုံး အဆောင်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မြင့်တက်နေ တယ်လို့ သိရပါတယ်။
“ဈေးထဲမှာ ခရမ်းချဉ်သီးတစ်ပိဿာကို ၃၀၀၀ ပြန်ဖြစ်သွားတယ်။ ဟင်းသီးဟင်းရွက်တွေလည်း နည်းနည်းတက် နေတယ်။ သုံးရေက တစ်စည်ကို ၇၀၀ ကေနခု ၁၀၀၀ ဖြစ်သွားတယ်။ ကြက်ဥလည်း ပြန်တက်တယ်။ တစ်လုံး ၄၀၀ ကနေ ၄၅၀ ဖြစ်သွားတယ်။ ကလေးစားတဲ့ မုန့်တွေလည်း ဈေးတက်ရောင်းတယ်။ မနက်ပိုင်း အစားအသောက်တွေလည်း အဲလိုပဲ ” လို့ အရှေ့ဒဂုံ ရပ်ကွက်နေ အိမ်ရှင်မတဦးက ပြောပါတယ်။
ငလျင်လှုပ်ပြီးနောက် ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတဲ့အပြင် တယ်လီဖုန်းတွေ ဆက်သွယ်မရ ဖြစ်နေတာပါ။ ဒါ့အပြင် နိုင်ငံရဲ့ အဓိက ကုန်သွယ်ရေးလမ်းကလည်း ငလျင်ဒဏ်ခံထားရတာကြောင့် ကုန်စည်ပို့ဆောင့်မှုတွေ နှောင်နှေးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်သူတချို့က ပြောဆိုထားပါတယ်။
နောက်ဆုံး သတင်းတွေအရ ကုန်တင်ပို့မှုတွေ ပြန်လည် ပြုလုပ်နေပြီး ခရီးသည်တင် ယာဉ်လိုင်းတွေလည်း ပြန်လည် ပြေးဆွဲနေပြီလို့ ယာဉ်လိုင်းတွေက ကြေညာထားပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026