NEWS

ရန်ကုန်တွင် လျှပ်စစ်မီးကို ၄ နာရီလာ ၈ နာရီပျက် စနစ်ဖြင့် ဓာတ်အား  ဖြန့်ဖြူးမှု ပြန်လည်လုပ်ဆောင်

CoverLogo
450 Views

ရန်ကုန်တိုင်းရှိ မြို့နယ်များ တွင် လျှပ်စစ်မီး ကို  လေးနာရီလာ၊ ရှစ်နာရီပျက်စနစ်ဖြင့် ဓါတ်အားဖြန့်ဖြူးမှု ပြန်လည် လုပ်ဆောင်မယ်လို့ မြို့နယ်လျှပ်စစ်ရုံးများရဲ့ကြေညာချက်အရသိရပါတယ်။ 

 

ယခင်လပိုင်းက လျှပ်စစ်မီး ကို လေးနာရီ လာ လေးနာရီပြတ်စနစ်ဖြင့်ဖြန့်ဖြူးပေးရာကနေ မတ်လ ၂၄ ရက် က စကာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်မြို့နယ်တွေကို ယခု စနစ်အတိုင်း စတင်ဖြန့်ဖြူးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

""အရင်ကလို ABC သုံးအုပ်စု ပြန်ဖြစ်သွားပြီ ဒီနေ့မှ စတယ်ကြေညာပေမယ့် တက္ကသိုလ်ဝင် စာမေးပွဲ တွေ ပြီးကတည်းက မီးက ပြတ်ချိန် ပိုများလာတာ ကျွန်မတို့ဘက်ဆိုမီးလာတဲ့အချိန်  မီးအားပါမပြည့်တော့ ရေတင်ဖို့ ကို အခက်ခဲတွေဖြစ်တယ်  ""လို့ အရှေ့ဒဂုံနေသူတစ်ဦးကပြောပါတယ်။ 

 

ရန်ကုန်အရှေ့ပိုင်းပိုင်ခရိုင် တွင် တာမွေ၊ တောင်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ သာကေတ၊ သင်ဃန်းကျွန်းမြို့နယ်တို့ ပါဝင်ပါတယ်။ 

 

လက်ရှိ  တွင်  ယခင်က လေးနာရီပျက်၊ လေးနာရီလာစနစ်ဖြင့် မီးပေးနေတဲ့  မြို့နယ်များ တွင် လည်းလျှပ်စစ်  ဓာတ်အားများ ပြတ်တောက်နေတယ်လို့သိရပါတယ်။

 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026