NEWS

မြန်မာနိုင်ငံတစ်ဝှမ်း အင်အားပြင်း ငလျင် လှုပ်ခတ်မှုဖြစ်ပွား  ပျက်စီးဆုံးရှုံးမှု များပြားနိုင်

CoverLogo
1.8K Views

မတ်လ ၂၈ရက် မွန်းတည့် ၁၂နာရီ ၅၀မိနစ် ခန့် မှာ ပြင်းအားများတဲ့ ငလျင် တစ်ခု အချိန် အတော်ကြာအောင် လှုပ်ခတ်သွားတဲ့ အတွက် နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှု များပြား နိုင်တယ်လို့ သိရပါတယ်။ 

 

၎င်းငလျင် လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊အောင်ပန်း စတဲ့ မြို့တွေ အတော်များများမှာ သိသိသာသာခံစား ခဲ့ရပြီး ပျက်စီးဆုံးရှုံး မှု တွေ ဖြစ်ပေါ်တာတွေ လည်း များနိုင်တယ်လို့ သိရပါတယ်။ 

 

အမေရိကန်ငလျင်ဌာန USGS ရဲ့ ထုတ်ပြန်ချက်အရ ယခုငလျင်လှုပ်ခတ်မှု ဟာ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ပြင်းအား ၇ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ 

 

လက်ရှိ လူမှုကွန်ယက် မှာ တွေရတဲ့ သတင်းတွေ အရ မန္တလေးမြို့ရှိ အဆောက်အဦးများပြိုကျပျက်စီးမှုတွေ၊စစ်ကိုင်းတံတားအဟောင်းပြိုကျမှု၊အောင်ပန်းမြို့ရှိ အဆောက်အဦးအချို့ပြိုကျမှုများ တွေ့ရပါတယ်။ 

 

""အောင်ပန်းက ဟိုတယ် အောင်ပန်း ပြိုကျတာ အတော်လေး များတယ် အထဲ မှာ ဝန်ထမ်းတွေ ပိတ်မိနေတယ် ကယ်ဆယ်ရေး လုပ်ပေးဖို့ လုပ်နေပါတယ်""လို့အောင်ပန်းဒေသခံတစ်ဦးကပြောပါတယ်။ 

 

အခုလို ငလျင်ကြီး လှုပ်ခတ်ပြီး  နောက်ပိုင်း နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နိုင်တဲ့ အတွက် ပြည်သူတွေ သတိပြု နေကျဖို့ ပညာရှင်တွေက လှုံ့ဆော်ထားပါတယ်။ 

 

ယခုပြင်းအားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံ အပြင် ထိုင်းနိုင်ငံ နဲ့ အာရှနိုင်ငံ အချို့ပါ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

 

Photo-CJ _လူမှုကွန်ယက် 

 

 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026