ဒီကနေ့ကတော့ပွဲဦးထွက်မှာလှိုင်သာယာမှာ အစိုးရသုံးဆက်လောက်ပြည်သူတွေကိုဒုက္ခပေးနေတဲ့ဘင်လာဒင်ပစ်သတ်ခံလိုက်ရတဲ့သတင်းကစမှာပါ။
- ပြည်တွင်းပစ်ခတ်မှု့နဲ့သတင်းပေးဒလန်ရှင်းလင်းခံရမှု့
ဒီကနေ့မနက်ပိုင်း၉နာရီလောက်မှာပဲလှိုင်သာယာ၁၀ရက်ကွက်ကစစ်ကောင်စီသတင်းပေးရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဘင်လာဒင်(ခေါ်)ကျော်မင်းဦးပစ်သတ်ခံလိုက်ရပါတယ်။
သူကပြည့်တန်ဆာခေါင်းလုပ်တဲ့အပြင်ရပ်ကွက်ထဲလဲမိုက်ကြေးပတ်ခွဲနေတဲ့သူလို့ဒေသခံတွေကမှတ်ချက်ပြုထားပါတယ်။
နောက်တယောက်ကတိုက်ကြီးမြို့နယ်ထဲကYMBAအသင်းဥက္ကဌဖိုးဝကြီးပါ။ဖိုးဝကြီးကတော့ချက်ချင်းမသေးပါဘူး။မဂ်လာဒုံစစ်ဆေးရုံပေါ်တက်သွားပြီးမှကြွတယ်လို့ဆိုပါတယ်။

ပြည်တွင်းခုခံတိုက်ခိုက်မှု့တွေအနေနဲ့ကတော့စစ်ကိုင်းတိုင်းကလေးဖက်မှာကြမ်းနေတယ်လို့ဆိုရမှာပါ။
မနေ့က ကလေးတောင်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းငယ်တခုကိုစစ်ကောင်စီတပ်တွေဝင်စီးပြီးဆေးတပ်ဖွဲ့ကအမျိုးသမီးငယ်၈ဦးနဲ့အမျိုးသား၂ဦးကိုဖမ်းပြီးမြောက်မြန်မာဖက်မှာပွဲခံကြပါတယ်။

ဒီလိုပွဲခံတဲ့နောက်ဆက်တွဲကတော့ဒီနေ့မနက်ပိုင်းတွေမှာပဲကလေးလေယာဥ်ကွင်းလက်ပစ်ဗုံးနဲ့ထုခံလိုက်ရတဲ့အပြင်တာဟန်းရပ်ကွက်ကစခန်းလဲအပစ်ခံရလို့ရဲတကောင်ကြွသွားပါတယ်။
ကြားဖြတ်သတင်းအနေနဲ့ကတော့ပုဏ္ဏားကျွန်း၅၅၀တပ်ရင်းမှာခေါက်ဆွဲခြောက်ပြုတ်စားနေတဲ့တပ်ကြပ်ကြီးဘစောချေကိုတန်းစီတဲ့အချိန်မှာကတောက်ကဆဖြစ်ခဲ့တပ်သားကပစ်သတ်လိုက်လို့သေတာပါ။
ခင်ဦးညောင်ပင်ကြီးအကြမ်းဖက်ရဲစခန်းကိုဒေသခံPDFကမီးမြှိုက်ပါတယ်။မြှိုက်နေတုန်းလာအညှော်ခံတဲ့စကစ ကားယဥ်တန်းထပ်မိုင်းဆွဲခံရပါတယ်။ဒါကိုတော့ Khin U Local Guerrilla Force နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကလုပ်တယ်လို့ဆိုပါတယ်။
MNDAA ကတော့ထုံးစံအတိုင်းစကစတပ်တွေလာကပ်တဲ့ လက်နက်ပဒေသာပင်ကိုအငြိမ်လက်ခံနေဆဲပါ။
- ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှု့
ချင်းပြည်နယ်မတူပီ ငလိုင်ရွာကညီအကိုအသင်းတော်ကခရစ်ယာန်ဓမ္မဆရာတဦးဖြစ်တဲ့ဦးငိုင်ကုန်းကိုစစ်တပ်ကဖမ်းပြီးစစ်ကြောရေးမှာသတ်ခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ၂၃ရက်နေ့ကဦးငိုင်ကုန်းနဲ့ရွာသားတချို့ကိုဖမ်းသွားပြီးနှစ်လကြာမှသေပြီလို့အကြောင်းကြားလာတာလို့ဆိုပါတယ်။
သပိတ်ကျင်းဖက်မှာတော့CDM ကေျာင်းဆရာတဦးဖြစ်တဲ့ကိုဇော်မင်းအောင်ကိုစစ်တပ်ကနေ့လည်ကဖမ်းသွားပြီးညနေ၅နာရီမှာပဲစစ်ကြောရေးမှာသတ်ခဲ့တယ်လို့သိရပါတယ်။သူဖမ်းဆီးခံရတာဟာPDFနဲ့ဆက်သွယ်တယ်ဆိုပြီးဒလန်သတင်းပေးတာလို့ဆိုပါတယ်။
#ပြည်တွင်းသပိတ်တိုက်ပွဲအခြေအနေ
ရန်ကုန်မန္တလေးနဲ့အနယ်နယ်အရပ်ရပ်ကစစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကတော့အင်ပြည့်အားပြည့်ရှိနေဆဲပါ။ဒီနေ့မှာထူးခြားတာကစစ်ကောင်စီတပ်တွေဝိုင်းဖိနေတဲ့သန်လျင်မှာသပိတ်တိုက်ပွဲတခုဘွားခနဲထွက်လာတာပါ။
- စကစတွေအတော်လဲပြာယာခတ်သွားတယ်လို့သိရပါတယ်။
ပြည်ပလှုပ်ရှားမှု့
မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားတွေနဲ့တက်ကြွလှုပ်ရှားသူတွေစုပြီးမလေးကမြန်မာသံရုံးရှေ့မှာစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြကြခဲ့ကြတယ်လို့သိရပါတယ်။
ဒါကတော့ဒီနေ့ Myanmar Labour Newsရဲ့သတင်းအနှစ်ချုပ်ပါ။