အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို Black Lists စာရင်းကနေ ပယ်ဖျက် ဖြေ လျှော့ပေးမယ်လို့ စစ်ကောင်စီက ဇူလိုင် ၁၂ရက်မှာသတင်းထုတ်ပြန် လိုက်ပါတယ်။
ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများကနိုင်ငံ့ဝန်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုး နဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန်ခွာသွားတဲ့ အတွက် သက်ဆိုင်ရာဌာနများ မှာ အမည်မည်းစာရင်း (Black Lists) တွင် ပါဝင်လျှက်ရှိနေတာကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝများလည်း နစ်နာလျှက်ရှိတယ်လို့ စကစရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိုပါနစ်နာမှု တွေ ကို ကုစားပေးနိုင် ဖို့ ယင်းဝန်ထမ်း တွေ ကို လုပ်ငန်းခွင်စွန့်ခွာရ တဲ့ အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists) ကနေ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။
ဒါကြောင့် အမည်မည်းစာရင်းကနေပယ်ဖျက်လိုတဲ့ ဝန်ထမ်းတွေ အနေနဲ့ ဇူလိုင် ၁၅ရက်က စပြီး သက်ဆိုင်ရာဌာန တွေ ကို ပြန်လည်သတင်းပို့ကြဖို့ ထုတ်ပြန်ကြေငြာထားပါတယ်။
NEWS
လုပ်ငန်းခွင်ကိုစွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)သွင်းခံရတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ပယ်ဖျက် ပေးမယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်


273 Views
Related posts

၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက် အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025

စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ စစ်မေးခဲ့
Mar 27, 2025

မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025

အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025

စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင် တစ်လကို လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025

၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025

ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ
Mar 22, 2025

လုပ်ငန်းခွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်ရေး ပြုလုပ်ရန် တိုက်တွန်း
Mar 12, 2025