NEWS

ရန်ကုန်မြို့ ဗိုလ်တထောင်တွင် ပန်းပန်သူမိန်းကလေးနှစ်ဦးပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခံရ

CoverLogo
154 Views

ယနေ့ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့  ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၉ နှစ်ပြည့် မွေးနေ့အဖြစ် ပန်းသပိတ်ကို ပြည်သူအားလုံးဆင်နွှဲလျှက်ရှိပါတယ်။ 

ရန်ကုန်မြို့ဗိုလ်တထောင်ဘုရားအနီးမှာတော့  ပန်းပန်သူမိန်းကလေးနှစ်ဦးကို ပုဒ်မ၅၀၅ ဖြင့် ဒီကနေ့နေ့လည်၁၂နာရီဝန်းကျင်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

"ဖြစ်သွားတာဟုတ်တယ်။ နေ့လည်ကပါ။ ဗိုလ်တထောင်ဘုရားအနီးမှာပဲ။ ပန်းပန်လို့။ သူတို့ကိုနိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ပဲဖမ်းတာ။ လက်ရှိတိုင်းလွှတ်တော်ထဲရောက်နေပြီ" လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ 

အဆိုပါမိန်းကလေးနှစ်ဦး ပန်းပန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉နှစ်ပြည့်မွေးနေ့ ပန်းသပိတ်ပါဝင်ဆင်နွှဲသည်ဟုဆိုကာ စစ်ကောင်စီတပ်သားတွေကဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်အကြည်ငြိုပျက်စေမှု ၅၀၅ ကနဲ့ ဖမ်းဆီးကာ ယနေ့ညနေအထိ ရန်ကုန်တိုင်းလွှတ်တော်အတွင်းဖမ်းဆီးထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင်ရန်ကုန်တစ်မြို့လုံးအတိုင်းအတာအရ ယနေညနေ၅နာရီအထိအဆိုပါမိန်းကလေးနှစ်ဦးတည်းကိုသာ ဖမ်းဆီးထားတာလို့သိရပြီး မန္တလေးမြို့မှာတော့ ၁၀ ဦးထက်မနည်းဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။ 

မန္တလေးမြို့မှာတော့ ယနေ့နံနက် ၈နာရီဝန်းကျင်ခန့်က   ချမ်းအေးသာစံမြို့နယ်၊ ၃၁ လမ်းနှင့် ၈၁ လမ်းအနီးတွင် ဖွင့်လှစ်ထားတဲ့  လက်ဖက်ရည်ဆိုင်ထဲမှာ စစ်ကောင်စီတပ်သားများဝင်ရောက်ကာ   ပန်းပန်ထားသူတစ်ဦး၊ မန္တလေး ရွှေယမင်းဦး လက်ဖက်ရည်ဆိုင်မှ အမျိုးသမီး ၃ ဦး၊ နှင်းဆီပန်းကိုင်ထားသူ ၁ ဦးကိုလည်း ကောင်း၊ လူမှုကွန်ရက်တွင် နှင်းဆီပန်းကိုင်ကာ ဓာတ်ပုံရိုက်သူ အမျိုးသမီး ၂ ဦး၊ ဆိုင်ကယ်ဖြင့် ပန်းဝယ်လာသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ၊  မဟာအောင်မြေမြို့နယ်တွင် ပန်းဝယ်လာသူ အမျိုး သမီးကြီး ၂ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင် စီက ဖမ်းဆီးသွားတယ်လို့ ပြည်တွင်းသတင်းတွေအရ သိရပါတယ်။ 

Photo-Amnesty International 

 


Related posts

Cover
ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ
Sep 27, 2024
Cover
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Sep 27, 2024
Cover
ကိုရင်တစ်ပါးရိုက်နှက်နှိပ်စက်ခံရပြီး ပျံလွန်တဲ့ အပေါ်ဝေဖန်မှုများမြင့်တက်နေ
Sep 25, 2024
Cover
29 ရွှေဆိုင်မှာ စရံငွေ ၂ သိန်းပေး အလုပ်လုပ်ရပြီး  စရံပြန်တောင်းလျှင်ခြိမ်းခြောက်ခံရဟုဆို
Sep 25, 2024
Cover
လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာ အလုပ်သမား ၃ ဦး  မျက်လုံးကွယ်ခဲ့ရပြီး စက်ရုံက နစ်နာကြေးမပေးဟုဆို
Sep 25, 2024
Cover
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ NUG အလုပ်သမားဝန်ကြီးဌာနတောင်းဆို
Sep 20, 2024
Cover
စစ်ဖြစ်နေတဲ့ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ​ကြောင့် မြေမြှုပ်မိုင်းတွေ နေရာ​ရွေ့နိုင်လို့သတိပြုရန်အသိပေးထား
Sep 20, 2024
Cover
ပြည်ပလုပ်သားတွေ လုပ်အားခ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပြောင်းဖို့ လုပ်ငန်းခွင်အထိလိုက်လံဖိအားပေးနေ
Sep 19, 2024