NEWS

မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး

CoverLogo
604 Views

မကွေးအကျဉ်းထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေ  ထိတွေ့မှု ဖြစ်ပွားခဲ့တာ မှာ အကျဉ်းဦးစီးဝန်ထမ်း တွေ  သေနတ်နဲ့ ပစ်ခတ် လို့ နိုင်ငံရေးအကျဉ်းသား ၂ဦး သေဆုံးခဲ့ကာ အကျဉ်းသား ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ဧပြီ ၁၈ရက် မှာ ထုတ်ပြန် ထားပါတယ်။ 

 

ပြီးခဲ့တဲ့ သင်္ကြန်အကြို ဧပြီ ၁၃ ရက်က မကွေးအကျဉ်းထောင် ရှေ့မှာ  Local PDF အဖွဲ့ တွေနဲ့ စစ်‌ကောင်စီ လက်အောက်ခံတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့ကာ ထောင်ရှေ့တိုက်ပွဲ ဖြစ်ပွားနေစဉ် ညနေ ၆နာရီ ဝန်းကျင်မှာ  အကျဉ်းထောင် အတွင်း မှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသား အချို့တင်းမာမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

 

အဆိုပါ ထောင်ဝန်ထမ်းတွေ နဲ့ အကျဉ်းသားတွေ ထိတွေ့မှု အတွင်းထောင်ဗူးဝနဲ့ ကင်းမျှော်စင် မှ သေနတ် နဲ့ ပစ်ခတ် တာကြောင့် ထောင်တွင်း ဓမ္မာရုံ မှာ နေတဲ့ နိုင်ငံရေးအကျဉ်သား စောရွှေအောင် အပါအဝင် ၂ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

 

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကာ ၅ဦးထက်မနည်း ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 

 

အခုဖြစ်စဉ်တွင် အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရသလို ထောင်ဝန်ထမ်း တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  ဖြစ်စဉ်အသေးစိတ် ကိုလည်း ထပ်မံ  ထုတ်ပြန်မယ်လို့  PPNM က အသိပေးထားပါတယ်။ 


Related posts

Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025