NEWS

မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး

CoverLogo
432 Views

မကွေးအကျဉ်းထောင်မှာ အကျဉ်းသားနဲ့ ထောင်ဝန်ထမ်းတွေ  ထိတွေ့မှု ဖြစ်ပွားခဲ့တာ မှာ အကျဉ်းဦးစီးဝန်ထမ်း တွေ  သေနတ်နဲ့ ပစ်ခတ် လို့ နိုင်ငံရေးအကျဉ်းသား ၂ဦး သေဆုံးခဲ့ကာ အကျဉ်းသား ၅ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ဧပြီ ၁၈ရက် မှာ ထုတ်ပြန် ထားပါတယ်။ 

 

ပြီးခဲ့တဲ့ သင်္ကြန်အကြို ဧပြီ ၁၃ ရက်က မကွေးအကျဉ်းထောင် ရှေ့မှာ  Local PDF အဖွဲ့ တွေနဲ့ စစ်‌ကောင်စီ လက်အောက်ခံတပ်တို့  တိုက်ပွဲဖြစ်ပွားခဲ့ကာ ထောင်ရှေ့တိုက်ပွဲ ဖြစ်ပွားနေစဉ် ညနေ ၆နာရီ ဝန်းကျင်မှာ  အကျဉ်းထောင် အတွင်း မှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသား အချို့တင်းမာမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

 

အဆိုပါ ထောင်ဝန်ထမ်းတွေ နဲ့ အကျဉ်းသားတွေ ထိတွေ့မှု အတွင်းထောင်ဗူးဝနဲ့ ကင်းမျှော်စင် မှ သေနတ် နဲ့ ပစ်ခတ် တာကြောင့် ထောင်တွင်း ဓမ္မာရုံ မှာ နေတဲ့ နိုင်ငံရေးအကျဉ်သား စောရွှေအောင် အပါအဝင် ၂ဦး အနည်းဆုံးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

 

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား အပါအဝင် အကျဉ်းသား များစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကာ ၅ဦးထက်မနည်း ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ 

 

အခုဖြစ်စဉ်တွင် အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရသလို ထောင်ဝန်ထမ်း တွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  ဖြစ်စဉ်အသေးစိတ် ကိုလည်း ထပ်မံ  ထုတ်ပြန်မယ်လို့  PPNM က အသိပေးထားပါတယ်။ 


Related posts

Cover
လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား၅ ဦး ထောင်ဘူး၀ရှေ့ ပြန်လည်ဖမ်းဆီးခံရ
Oct 03, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ
Sep 11, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025