NEWS

မြန်မာ့လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်းဆင်းရဲမွဲတေနေ ဟု UNDP ထုတ်ပြန်

CoverLogo
290 Views

မြန်မာနိုင်ငံမှာနေတဲ့  ပြည်သူ ၄၂ သန်းဟာ  ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရကာ  သို့မဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နှင့် နီးစပ်နေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ည သန်းခေါင်ယံတွင် မြန်မာနိုင်ငံ၏ လူဦးရေသည် (၅၁.၄) သန်းဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုပါတယ်။၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းအရ မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိပြီး အမျိုးသား ၂၆ သန်းကျော်နှင့် အမျိုးသမီး ၂၉ သန်းကျော်ရှိ တယ်လို့ သိရပါတယ်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ မှာ  ၃ နှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှု မှာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

လူဦးရေရဲ့  ၇၅ ရာခိုင်နှုန်း (သို့) ခန့်မှန်းခြေအားဖြင့် လူ ၄၂ သန်းဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရခြင်း (သို့မဟုတ်) ဆင်းရဲမွဲတေမှု အန္တရာယ်နှင့် နီးစပ်နေတယ်လို့  ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ဒါ့အပြင် လူပေါင်း ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရပေမယ့် မြန်မာနိုင်ငံသည် အမေ့အပျောက်ခံ အကျပ်အတည်းတစ်ခုအဖြစ် ရှိနေသေးတယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂမှတဆင့် ဖွံ့ဖြိုးရေးအကူအညီသည် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ရပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဥ်များသည်လည်း ရံပုံငွေမလုံလောက်ဘဲ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေအရ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အကူအညီနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ “လုပ်အားအတွက် ငွေသားပေးအပ် ထောက်ပံ့ခြင်း” အစီအစဉ်များအပြင် လယ်ယာကဏ္ဍမြှင့်တင်ခြင်းမှ ဒေသခံတောင်သူလယ်သမားများအတွက် အထောက်အပံ့ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအထိ၊ လိုအပ်ချက်များကို ဖြေရှင်းရန်လုပ်ဆောင်နေသလို   ရပ်ရွာမှ ဦးဆောင်သည့် ချဥ်းကပ်ကူညီမှုများဖြင့် စားနပ်ရိက္ခာ လက်လှမ်းမီမှုနှင့် ဆင်းရဲမွဲတေမှုကို ကိုင်တွယ်ဖြေရှင်းရန်  ပြည်တွင်းသာမက နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။


Related posts

Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့
Mar 27, 2025
Cover
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025
Cover
အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025
Cover
စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025
Cover
၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025
Cover
ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ
Mar 22, 2025
Cover
လုပ်ငန်းခွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်ရေး ပြုလုပ်ရန် တိုက်တွန်း
Mar 12, 2025