NEWS

မိုဘိုင်း SIMCard တစ်ကတ်ဝယ်ယူလျှင်ကျပ်နှစ်သောင်းပေးဆောင်ရမယ့်အခွန်ကောက်ဥပဒေသစ်စစ်ကောင်စီအတည်ပြု

CoverLogo
3.4K Views

စစ်ကောင်စီကဥပဒေအမှတ် ၁/၂၀၂၁ ပြည်ထောင်စု၏အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ SIM Card ရောင်းချမှုနှင့် SIM Cardကို စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု အပေါ် SIM Card တစ်ကဒ်လျှင် ကျပ်ငွေ နှစ်သောင်းဖြင့် ကုန်သွယ်ခွန် တစ်ကြိမ်ထဲ ကျသင့်စေရမယ်လို့စစ်ခေါင်းဆောင်အမိန်နဲ့ဒီကနေ့ဇန်နဝါရီလ၆ရက်နေ့မှာပဲထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီ့ဥပဒေအရဆင်းကတ်ဝယ်ယူလျှင်စတင်အသုံးပြုခွင့်နဲ့ကုန်သွယ်ခွန်အပါနှစ်သောင်းကျပ်နဲ့အင်တာနက်သုံးဆွဲမှု့မှတဆယ့်ငါးရာခိုင်နှုန်းကောက်ခံသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ပြည်တွင်းမှာလုပ်ကိုင်နေတဲ့ဆက်သွယ်ရေးကုမ္ပဏီTelenorအပါအဝင်အခြားသောဝန်ဆောင်မှု့တွေအသီးသီးထွက်ခွာတာတွေရှိခဲ့ပြီးတယ်လီနောနဲ့အောရီဒူးတို့ကတော့ရှယ်ယာတွေရောင်းချထွက်ခွာသွားခဲ့တာပါ။

အဲ့ဒီ့လိုထွက်ခွာသွားပြီးတဲ့နောက်ပြည်တွင်းအင်တာနက်အသုံးပြုခတွေအဆမတန်မြင့်တက်သွားခဲ့သလိုပြည်သူတွေရဲ့မိုဘိုင်းဒေတာသုံးစွဲမှု့တွေလဲလျော့ကျသွားခဲ့ပါတယ်။


Related posts

Cover
ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ
Apr 20, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025