- ပြည်တွင်းခုခံတော်လှန်မှု့သတင်းများ
ဒီနေ့ကမကွေးနဲ့စစ်ကိုင်းနေ့လိုဆိုရမှာပါ။မုန်ဟင်းခါးအထွက်ကောင်းသလိုပွဲကြီးလဲတော်တော်မိလိုက်တယ်လို့ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ်မအူအောက်ဆိပ်ရဲကင်းစခန်းကို မနေ့က နိုဝင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက People Defense Force Yesagyo နဲ့ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ညီနောင် (ရေစကြို)မဟာမိတ်နှစ်ဖွဲ့ ပူးပေါင်းပြီး မအူရဲအောက်ရဲကင်းစခန်းကိုသိမ်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေကထုတ်ပြန်လာပါတယ်။

အဲဒီစခန်းကနေကွန်ပျူတာလက်တော့ ( ၁)လုံး ၊ ဆိုင်ကယ်( ၄ ) စီး နဲ့ ဗုံးသီးအပါအဝင်ကျည်ဆန်အချို့ကိုသိမ်းဆည်းမိတယ်လို့ ဆိုပါတယ်။
ရဲဝန်ထမ်းတွေထဲ သေဆုံးသူနဲ့ဒဏ်ရာရသူတွေလည်းရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဖြစ်စဉ်နောက်မှာတော့ ဒီကနေ့အထိ ရေစကြိုမြို့ မအူလေးရွာနဲ့မအူအလယ်ရွာတွေကို ပခုက္ကူဘက်က စစ်ကောင်စီတပ်တွေစစ်ကူလာခဲ့ပြီး ပစ်ခတ်တာတွေရှိလို့ ပြည်သူအချို့ဒဏ်ရာရခဲ့သလို အဲဒီအနီးက ပြည်သူအချို့ကိုဖမ်းဆီးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်လို့ပြည်တွင်းသတင်းဌာနတွေကဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲမှာတော့ ကလေးဝ-တန့်ဆည်-ရေဦးလမ်းပိုင်း မဟာမြိုင် မိုင် ၁၀၀ အတက်အနီး ၊ စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ပါတဲ့ယာဉ်တန်းကို ဒီကနေ့ နိုဝင်ဘာ(၁၉)ရက် မနက်ပိုင်း က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေး၀ PDF အဖွဲ့ကပြောပါတယ်။

စစ်ကောင်စီယာဉ်တန်းဘက်က အထိအခိုက်အခြေအနေကို အတိအကျမပြောနိုင်သေးသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်တုံ့ပြန်ပစ်ခတ်တဲ့အတွက် ဒေသကာကွယ်ရေးတပ်တွေဘက်ကဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။
မကွေးတိုင်း ဆောနယ်ဘက်မှာ ဒီကနေ့ နိုဝင်ဘာ ၁၉ရက် မနက်အစောပိုင်းကစပြီး ဆောဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဆောဒေသကာကွယ်ရေးတပ်ဘက်ကတော့ မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေမလုပ်ဖို့ ဆော်သြထားတာလည်းတွေ့ရပါတယ်။
အဲဒီတိုက်ပွဲ မှာစစ်ကောင်စီဘက်ကလေကြောင်းသုံးတိုက်ခိုက်တာတွေလုပ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
ဆောဒေသကတိုက်ပွဲနဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိသေးပါဘူး။
- ပြည်သူများဖမ်းဆီးခံရမှု့နှင့်မြို့ပေါ်ပေါက်ကွဲမှု့များ
ရန်ကုန်မှာတော့ဒီကနေ့စစျေးဦးပေါက်တာတောင်ဥက္ကလာကမြင်သာကညနရုံးပါ။
ပေါက်ကွဲအားပြင်းသလိုစစ်ကောင်စီကိုကြက်ဥလာတိုက်တဲ့သူတချို့လဲကြွပါတယ်။ဖြစ်ပြီးပြီးခြင်းလူ ၂၀၀ လောက်ကိုစစ်ကောင်စီကပိတ်ဆို့ထားတယ်လို့ဆိုပါတယ်။
လက်ရှိညပိုင်းမှာကိုပဲပေါက်ကွဲမှု့တွေရန်ကုန်မှာဆက်ဖြစ်နေဆဲပါ။
မန္တလေးမြို့မှာတော့ မဟာအောင်မြေမြို့နယ်၊ ကျောက်ဝိုင်းအနီး ဦးပေစိဘုရားဝင်းရှိ စစ်ကောင်စီ လက်နက်ကိုင်များ တပ်စွဲထားရာ နေရာတွင် ယနေ့ ည(၇)နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စကစ နှစ်ဦး ထိမှန်ခဲ့တယ်လို့သိရပါတယ်။
ဗုံးပေါက်အပြီးမှာတော့စကစဖက်ကထုံးစံအတိုင်းလျောက်ပစ်တယ်လို့ဆိုပါတယ်။
ကလေးမြို့နယ်၊ စီးစံရွာသား ဦးဗျကနေဆန်း (၄ဝနှစ်)ကို အာဏာသိမ်းစစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်တွင် သိမ်းပိုက်ခံရတဲ့ PDF-Kalay တပ်ရင်း ၃ စခန်းအနီးတွင် လည်လှီးသတ်ဖြတ်ခဲ့ပြီး ဒီနေ့နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရွာသားတွေက အလောင်းသွားသယ်ကြရတယ်လို့ဆိုပါတယ်။
ယမန်နေ့ကဖမ်းဆီးခံရတဲ့ NLD အမတ်ကိုဖြိုးဇေယျာသော်ရဲ့ပုံရိပ်ကိုတော့ဒီကနေ့မှာပဲစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းတွေမှာဖော်ပြပြီးပွဲခံပါတယ်။
- လူထုသပိတ်တိုက်ပွဲအခြေအနေ
ထုံးစံအတိုင်းမြို့ကြီးတွေမှာတော့စစ်ကောင်စီဆန့်ကျင်ရေးသပိတ်တွေကအင်နဲ့အားနဲ့ရှိနေဆဲပါ။ခုညပိုင်းမှာပဲစစ်ကောင်စီတပ်တွေဝိုင်းထားတဲ့ရန်ကုန်ကအလုံမြို့နယ်ထဲမှာအမျိုးသမီးတွေဦးဆောင်တဲ့သပိတ်ထွက်လာပါတယ်။
- ပြည်ပရေးရာ
စစ်ကောင်စီကိုတရုတ်မှာနိုဝင်ဘာ ၂၉ ရက်မှာကျင်းပမယ့်ထိပ်သီးအစည်းအဝေးကိုတရုတ်ကထိုးထည့်ပေမယ့်အာဆီယံနိုင်ငံကြီးတွေကကန့်ကွက်လို့မတက်ရတော့ပါဘူး။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ အပြည့်အဝ အကောင်အထည်ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန် နိုင်ငံခြားရေး၀န်ကြီးတွေက တိုက်တွန်းလိုက်တယ်လို့လဲသိရပါတယ်။