NEWS

မန္တလေးမှာသပိတ်ဝန်းရံသူများစီးနင်းလာတဲ့ဆိုင်ကယ်ကိုစစ်တပ်ကအရပ်သားကားဖြင့်ဝင်တိုက်ဖမ်းဆီးလို့အမျိုးသမီးငယ်တဦးဖမ်းဆီးခံထားရ

CoverLogo
1.2K Views

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်း ပြုလုပ်မယ့် အရုဏ်ဦးသပိတ်ကို လာရောက်ပူးပေါင်းတဲ့  လူငယ် ၃ ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရပ်သားကားဖြင့် ဝင်တိုက်ဖမ်းဆီးခဲ့တာကြောင့် ရတနာပုံတက္ကသိုလ်ကျောင်းသူတဦးဖြစ်တဲ့မခိုင်ဇင်ဖူးဆိုသူ အမျိုးသမီးတစ်ဦးငယ်တဦး ဖမ်းဆီးခံလိုက်ရတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ကော်မတီဝင်များထံမှသိရပါတယ်။

၆၃ လမ်းနဲ့ ၃၀ လမ်းမအနီး မှာပဲဒီကနေ့မနက် (၅)နာရီခွဲအချိန်ကစစ်တပ်ကအရပ်သားအိမ်စီးကားအသုံးပြုပြီးအရပ်ဝတ်တွေနဲ့ပါ ဝင်တိုက် ဖမ်းဆီးသွားခြင်း ဖြစ်တယ်လို့သိရပါတယ်။

"ဝင်တိုက်တာလဲအိမ်စီးကားနဲ့ဖမ်းတဲ့ကောင်တွေကလဲအရပ်ဝတ်နဲ့လက်နက်နဲ့တိုက်ခံရတာအရှိန်ပြင်းတော့ဆိုင်ကယ်လဲသွားတဲ့အချိန်မှာနောက်ကနှစ်ယောက်ကပြေးလို့လွတ်သွားတယ်ခုဖမ်းခံရတဲ့ညီမလေးကဆိုင်ကယ်ကပိနေတော့မပြေးနိုင်ပဲအဖမ်းခံလိုက်ရတာ " လို့မန္တလေးသပိတ်ကော်မတီဝင်တဦးကပြောပါတယ်။

အဆိုပါဖမ်းဆီးမှု့ပြီးတဲ့နောက်မှာပဲ သပိတ်လူငယ်များနေထိုင်ရာ Safe House ကိုလည်း စစ်ကား (၁၀)စီးဖြင့် ဝင်ရောက်စီးနင်းပြီးတော့ နေအိမ်မှာရှိတဲ့ပရိဘောဂနဲ့ခုံအစရှိတဲ့  ပစ္စည်းများကို ကားပေါ်တင်ပြီးယူဆောင်သွားတယ်လို့လဲသိရပါတယ်။

Safe House ဝင်စီးခံရချိန်မှာတော့ဖမ်းဆီးခံရသူတဦးမှမရှိခဲ့ဖူးလို့သပိတ်ကော်မတီဝင်တွေကဆိုပါတယ်။

လွန်ခဲ့တဲ့ဒီဇင်ဘာ ၅ ရက်နေ့ကလဲရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ပန်းပင်ပြီးလမ်းမှာပြုလုပ်တဲ့ရန်ကုန်လူထုသပိတ်ကိုစစ်တပ်ကကားနဲ့ဝင်ရောက်တိုက်ပြီးပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက်သပိတ်လူငယ်တွေသေဆုံးခဲ့ပါတယ်။


Related posts

Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025
Cover
ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး
Apr 07, 2025
Cover
ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ
Apr 07, 2025
Cover
ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၁ ဦး လျင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့မည်ဟု ဆို
Apr 06, 2025
Cover
နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြည်သူတွေစိုးရိမ်မှု မြင့်တက်နေရ
Apr 05, 2025