NEWS

နောက်ဆက်တွဲငလျင်ငယ်တွေကြောင့် ပြည်သူတွေစိုးရိမ်မှု မြင့်တက်နေရ

CoverLogo
550 Views
 
မတ်လ၂၈ ရက် တွင် အင်အားရခ်စ်တာစကေး (၇.၇) ရှိအင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး နောက် နောက်ဆက်တွဲငလျင်တွေ နေ့စဉ်လှုပ်ခတ်ခဲ့တဲ့ အတွက် ငလျင်ဒဏ်သင့် ပြည်သူတွေ စိုးရိမ်မှုမြင့်တက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ၂၈ ရက် မှ ဧပြီ ၄ရက် ည ၇နာရီ အထိ နောက်ဆက်တွဲ ငလျင် အကြိမ် ၇၅ကြိမ် လှုပ်ခတ်ခဲ့တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန် ထားပါတယ်။
နောက်ဆက်တွဲ မြေငလျင် လှုပ်ခတ်မှု မှာလည်း ငလျင်ဒဏ်ပြင်းထန်စွာ ခံစား ခဲ့ရတဲ့ မန္တလေး စစ်ကိုင်း နေပြည်တော် အပါအဝင် နေရာ အတော်များများ မှာ အင်အားအနည်းငယ်မှ အင်အားအသင့်တင့်ရှိ ငလျင်တွေ လှုပ်ခတ် ခဲ့တာ တွေ့ရပါတယ်။
အခုလို နောက်ဆက်တွဲ ငလျင် တွေ ဆက်တိုက် လှုပ်ခတ်နေတဲ့ အတွက် ငလျင်ဒဏ်သင့် ပြည်သူတွေ မှာ အဖက်ဖက်မှ စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
"" နောက်ဆက်တွဲငလျင်က နေ့တိုင်း ကို လှုပ်နေတော့ ကျွန်မတို့ အိမ် တွေ ပြိုကျ ပျက်စီးတာ မရှိပေမယ့် အိမ်ပေါ်မှာ ဆက်မနေရဲတော့ဘူး ဘယ်အချိန် ငလျင်ကြီးထပ်လှုပ်လာမလဲ စိုးရိမ်နေရတာ ဒါကြောင့် ဆွေမျိုးတွေ ရှိတဲ့ ရန်ကုန် ကို ခဏ ပြောင်းလာတာ မန္တလေးက ပြည်သူ တော်တော်များများလဲ အိမ်တွေထဲ မနေရဲလို့ ကျုံးဘေးတို့ အဆောက်အဦးအမြင့်တွေ နဲ့ ဝေးတဲ့ နေရာတွေ မှာ ထွက်နေကြတာများတယ် ""လို့ မန္တလေးမှ ငလျင်ဒဏ်သင့်ပြည်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ငလျင်ဒဏ် ပြင်းထန်စွာမခံစားခဲ့ ရပေမယ့် ရန်ကုန် မြို့ရှိ အထပ်မြင့်နေသူတွေ မှာလည်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု သတင်းတွေကြောင့် စိုးရိမ်ထိတ်လန့်စွာဖြင့် နေထိုင်နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေထံ မှ သိရပါတယ်။
""ငလျင်ဒဏ်ဆိုးရွာစွာခံရတဲ့ ဒေသ တွေ ရဲ့ သေဆုံး ပျက်စီး ဆုံးရှုံး တာတွေ မြင်ပြီး စိတ်တွေလည်း မကောင်းဖြစ်ရတယ် နောက်ဆက်တွဲငလျင်တွေကလည်း ရန်ကုန် ပတ်ဝန်းကျင် တွေ ဖြတ်ပြီး လှုပ်ခတ်သွားတာ တွေ လည်းရှိနေတော့ ညဘက်တွေဆို အိပ်မပျော်ဘူး တစ်ခုခုဆို လန့်နေရတယ် ဒီမှာ ဆောက်ထားတဲ့ အထပ်မြင့်တွေကလည်း မန်းလေးမှာလှုပ်သလို သာ လှုပ်လိုက်ရင် အခြေနေဆိုးကုန်မှာလေ ဒီတော့ စိုးရိမ်မှုတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတာပါဘဲ""လို့ ကမာရွတ်မြို့နယ်မှဒေသခံတစ်ဦးကပြောပါတယ်။
ဧပြီ ၃ရက် နံနက်ပိုင်း အထိ ကောက်ယူထားတဲ့စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာ ဖြင့် ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ ၃၀၈၅ဦး ၊ဒဏ်ရာရရှိသူ ၄၇၁၅ဦးနဲ့ ပျောက်ဆုံးနေသူ ၃၄၁ဦး ရှိတယိလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026