NEWS

ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၁ ဦး လျင်ကျပ် ၁၀ သိန်းစီ ထောက်ပံ့မည်ဟု ဆို

CoverLogo
511 Views
 
ငလျင်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေ ကို တစ်ဦး လျင် ကျပ် ၁၀သိနိးစီ ထောက်ပံ ပေးအပ်သွားမယ်လို့
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဧပြီ ၅ရက် ကပြုလုပ်တဲ့ အစိုးရ အစည်းအဝေး မှာပြောကြားခဲ့ပါတယ်။
အဆောက်အဦး ထိခိုက် ပျက်စီးခဲ့တာတွေနဲ့ ပတ်သက်ပြီး လည်း အဆောက်အအုံ ပျက်စီးမှု ပေါ် မူတည်ပြီး ထောက်ပံ့ဆောင်ရွက်ပေးသွားမယ်လို့ လည်း ၎င်းကဆိုပါတယ်။
၎င်း ထောက်ပံ ငွေ တွေ ကို မည်သည့်အချိန်ကာလ မှာ ပေးမယ်ဆိုတာ ကို ထည့်သွင်း ပြောကြားတာမတွေ့ရပါဘူး။
လက်ရှိမှာတော့ အင်းအားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက် သူတွေ သေဆုံးသူတွေ နဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေ ကို ပြင်ပ အလှူရှင်တွေ ပရဟိတ အသင်းတွေ အပါအဝင် အဖွဲ့စည်းတွေ က ထောက်ပံ့ ကူညီ ပေးလျက်ရှိပါတယ်။
"လူတစ်ယောက်လုံးသေတာကို အစိုးရက ထောက်ပံ့တာ ၁၀သိန်းတဲ့လား အခုခေတ်ငွေတန်ဖိုးနဲ့ သေဆုံးသူမိသားစု အတွက် ဘယ်လို မှ အထောက်အပံ့မဖြစ်စေဘူး ပြင်ပက အလှူရှင်တွေ လှူတာကမှ ဒီထက်ပိုများသေးတယ် ပြည်သူ အချင်းချင်းထောက်ပံ့ တာမှ ဒီထက်ပိုရသေးတယ်""လို့ ငလျင်ဒဏ်ခံရသူပြည်သူတစ်ဦးကပြောပါတယ်။
မတ်လ ၂၈ ရက်၌ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဧပြီ ၅ ရက်အထိ သေဆုံးသူ ၃၄၅၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၈၄၀ ဦးနှင့် ပျောက်ဆုံးနေသူ ၂၁၄ ဦး ရှိတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေ အနေဖြင့် အဆောက် အဦ ၅၂၂၃ လုံး၊ စာသင်ကျောင်း ၁၈၂၄ ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၂၇၅၂ ကျောင်း၊ ဘုရားစေတီပေါင်း ၄၈၁၇ ခုနှင့် ဆေးရုံဆေးခန်း ၁၆၇ ခု ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026