ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ်သဃ်န်းကျွန်းကြီးကျေးရွာအုပ်စု၊ ရွှေနံ့သာကျေးရွာအုပ်စုအတွင်းရှိပေါင်းငူ၊ ဥာဏပုလဲနှင့်ဇေကမ္ဘာအုပ်စုဝင်းနှင့်ဆက်စပ်မြေနေရာတွေကိုစစ်ကောင်စီရဲ့အာဏာပိုင်တွေအပါအဝင်စစ်သားနှင့်ပျူစောထီးတို့ကအဓမ္မသိမ်းယူပြီးအကွက်ရိုက်ရောင်းချဖို့ပြင်ဆင်နေတယ်လို့မဂ်လာဒုံအမျိုးသားအစည်းအရုံး MNU ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။
အဆိုပါလယ်မြေတွေဟာဒေသခံလယ်သမားတွေပိုင်ဆိုင်တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထက်ထဲကအဓမ္မသိမ်းယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့်လယ်ပိုင်ရှင်တွေရဲ့ကန့်ကွက်မှု့ကြောင့်ရပ်တန့်ခဲ့ပေမယ့်ယခုအကြမ်းဖက်စစ်ကောင်စီလက်ထက်မှာရဲ၊ စစ်သား၊ပျူစောထီးတွေနဲ့ဒီဇင်ဘာ ၁၅ ရက်နေ့လောက်မှာစတင်ပြီးအဓမ္မသိမ်းယူအကွက်ရိုက်ပြီးရောင်းချဖို့ကြိုးစားနေတာဖြစ်တယ်လို့ MNU ကဆိုပါတယ်။
အထက်ပါအဓမ္မအသိမ်းဆည်းခံလယ်ယာမြေများနှင့်ပတ်သက်၍ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး - MNU ၏ သဘောထားထုတ်ပြန်ချက်ထဲမှာ-
၎င်းအကွက်ရိုက်မြေနေရာများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေဝယ်ယူခြင်းအလျှင်းမလုပ်ဆောင်ကြရန်၊ ဝယ်ယူထားသောသူများအားလည်း နောက်တချိန်တွင်မည်သို့မျှအာမခံချက်ပေးမည်မဟုတ်ဘဲ ၎င်းမြေနေရာမှ ဖယ်ရှားပေးရမည်ဖြစ်သည်၊MNU သည် နစ်နာသူများနှင့်အတူ ရပ်တည်ပြီး ဤသဘောထားသည်လည်း စစ်မှန်သော တရားဥပဒေ၏ သက်သေဖြစ်စေမည်လို့ဖော်ပြပါရှိပါတယ်။
ဓါတ်ပုံ- CJ

