ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် ည ၁၂ နာရီကျော်ခန့်အချိန်က စစ်ကောင်စီသတင်းပေးဒလန်အမျိုးသားတစ်ဦးအသတ်ခံရပြီး ၎င်း၏နေအိမ်ပါမီးလောင်ပျက်စီးခဲ့ပါသည်။
ယနေ့အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ ဒလန်ဦးကျော်ဦးသေဆုံးမှုနှင့်ပတ်သတ်၍ ၎င်း အိမ်နီးနားပတ်ဝန်းကျင်ရှိဒေသခံရွာသူ ရွာသားများကိုစစ်ကောင်စီဘက်မှ မျက်မြင်သက်သေ အဖြင့်
ခေါာယူစစ်ဆေးခဲ့ကြောင်းသိရပါသည်။
၎င်းတို့၏လုပ်ဆောင်ချက်သည် NUG လက်အောက်မှပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် KBDF ပူးပေါင်း တပ်ဖွဲ့ (KANBAUK DEFENSE FORCE-KBDF) တို့ပူးပေါင်းအဖွဲ့မှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့မှာထုတ်ပြန်ခဲ့ပါသည်။
ပုံ-သေဆုံးသူ ဒလန်ဦးကျော်ဦးနှင့် ၎င်း၏အိမ်ပါမီးလောင်ပြာကျ