NEWS

ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တွေ နေရေးစားရေးခက်ခဲကာ သောက်ရေမရှိသဖြင့်ချိုးရေကိုသာ သောက်သုံးနေရဟုဆို

CoverLogo
131 Views
 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ နေရာအခက်ခဲ၊ စားသောက်ရေးအခက်ခဲ တွေ ကြုံတွေ့နေရရုံသာမက သောက်ရေမရရှိတဲ့ အတွက် ချိုးရေကိုသာ သောက်သုံးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ယက်(PPNM)မှ သိရပါတယ်။
 
သောက်ရေမရရှိတဲ့ အတွက် ချိုးရေကို သောက်သုံးနေကြရတာမှာ အကျဉ်းထောင်အတွင်း မှ ချိုးရေကန် မှာ ခဲဓာတ်ပါ တဲ့ ရေများဖြစ်တာကြောင့် သက်ကြီးပိုင်း နိုင်ငံရေးအကျဉ်းသားများဟာ လမ်းမလျှောက်နိုင်တဲ့ ပြဿနာများလည်း ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
 
ကျန်းမာရေးမကောင်းတဲ့ နိုင်ငံရေးအကျဉ်းသား တွေ ကို ထောင်အာဏာပိုင်တွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုလည်း မပေးတာ ကြောင့် ကျန်းမာရေးပိုင်း ပိုမိုခက်ခဲလာကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအကျဉ်းသားများကွန်ယက်(PPNM)က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ပုသိမ်အကျဉ်းထောင် အတွင်း နေထိုင်မှုအတွက် လိုအပ်ချက် တွေ ကို ထောင်အာဏာပိုင် တွေမှာ တာဝန်ရှိသော်လည်း ၎င်းတို့က ပြင်ဆင်ပေးခြင်း မရှိတဲ့ အပြင် အခြားအမှုနဲ့ ကျခံလျက်ရှိတဲ့ တန်းစီးများနဲ့ ထောင်ဝန်ထမ်းတွေ က ပူးပေါင်းကာ အခန်းတွင်းမီးလုံးဝယ်ခြင်းမှ အစ အခြားငွေကြေးကောက်ခံမှု တွေပါ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုလုပ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ဧရာဝတီတိုင်းဒေသကြီး အတွင်း စစ်ရေးအခြေနေတင်းမာလာမှုနဲ့ အတူ ပုသိမ်အကျဉ်းထောင်အတွင်း မှာလဲ စစ်ဆေးရေးတွေ တင်းကြပ်ကာ ဆေးဝါးနဲ့စားသောက်စရာများ ပါဆယ်ပို့ခြင်း ကိုပါ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို

Related posts

Cover
မကွေးအကျဉ်းထောင် ပစ်ခတ်မှုကြောင့် အကျဉ်းသား ၂ဦးသေဆုံး
Apr 19, 2025
Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့
Mar 27, 2025
Cover
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025
Cover
အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025
Cover
စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025
Cover
၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025
Cover
ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ
Mar 22, 2025