NEWS

နိုဝင်ဘာ ၃၀ ရက်​နေ့ သတင်းအကျဥ်းချုပ်

CoverLogo
1.4K Views

ပုဒ်မ ၁၁ ခုလောက်နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တရားစွဲခံထားရတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကိုပုဒ်မ၂ခုနဲ့ဒီကနေ့အမိန့်ချမယ်ဆိုပေမယ့် အမိန့်ချမယ့်ရက်ကိုဒီဇင်ဘာ ၆ ရက်နေ့ကိုရွှေ့ဆိုင်းလိုက်ပါတယ်။

​နွေဦး​တော်လှန်​ရေးကာလမှာ စစ်​ကောင်စီရဲ့ သတ်ဖြတ်မှု​ကြောင့် ပြည်သူ ၁၂၉၉ ဦးကျဆုံးခဲ့​ကြောင်း နိုင်ငံ​​ရေးအကျဥ်းသားများကူညီ​စောင့်​​ရှောက်​ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။

ရန်ကုန်မှာတော့သန်လျင်ကစစ်ကောင်စီသတင်းပေးလို့သတ်မှတ်ခံထားရသူတဦးပစ်သတ်ခံလိုက်ရတဲ့အပြင် သိမ်ဖြူလမ်းထောင့်က ယာဥ်ထိန်းရဲရုံးမီးရှို့ခံလိုက်ရတာတွေရှိပါတယ်။

ရန်ကုန်တော်လှန်ရေးအင်အားစုတွေရဲ့သပိတ်တိုက်ပွဲတွေကလဲပြင်းထန်လာသလို စစ်တပ်ပိုင်နံပါတ် ၁၄ ဘတ်စ်ကားတစီးလဲယမန်နေ့ညကပေါက်ကွဲခဲ့ပါတယ်။

ဒါကြောင့်စစ်ကောင်စီတပ်တွေရန်ကုန်မြို့ထဲကလမ်းမတော် လသာ ပန်းပဲတန်း အစရှိတဲ့ Down Town ခြောက်မြို့နယ်ကိုပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းခုခံတော်လှန်မှု့နှင့်သတင်းပေးဆိုသူများရှင်းလင်းခံရမှု့

မြိုင်မြို့နယ် လက်ပံတို - အရာတော်လမ်းမပေါ် စစ်ကောင်စီရဲ့ အိမ်စီးကား ၁စီး အပါအဝင် ဆိုင်ကယ် ၁၀စီးကို  မြိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ဦး ပေါင်ပြတ်သွားသလို ရဲတပ်သား ၃ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ PDF တာဝန်ခံဆီက သိရပါတယ်။

မနေ့က ညနေ ၃နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အင်အား ၂၅‌ဦးလောက်ရှိတဲ့ ရဲတွေချည်းပါတဲ့အုပ်စုကို မိုင်း ၂လုံးဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


သန်လျင်- မြို့ဟောင်းအနောက်ပိုင်း ဒလန်မောင်ပန်း ဆိုသူ လက်မှတ်ဂိတ်ရဲတန်းယား နားမှာ ပစ်ခတ်ခံလိုက်ရပါတယ်။

ချင်းပြည်နယ်အတွင်း သံချပ်ကာယာဉ်နှစ်စီးအားကိုးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို CDF မင်းတပ်က မင်းတပ်-မတူပီလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လာခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နှင့်အမတ်လောင်း ဝင်းသိန်းနှင့် စစ်တပ်သတင်းပေးဟု သတ်မှတ်စွပ်စွခဲ့ထားရသူ ညိုသန်း တို့နှစ်ဦးကို ယနေ့ နံနက် ၈ နာရီအချိန် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်သမားတချို့က ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရပါတယ်။

 

အရပ်သားပြည်သူများကိုစစ်ကောင်စီမှပစ်မှတ်ထားတိုက်ခိုက်မှု့

စစ်ကိုင်းတိုင်းဒေသကြီး ၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ညောင်လှကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် ကျေးရွာအတွင်း၌ မီးရှို့နေသည်ဟု ဒေသခံများထံမှ သိရပါတယ်။

အဆိုပါ မီးလောင်နေမှုကို ဒေသခံများက အဝေးမှမြင်တွေ့နေရခြင်းဖြစ်ပြီး နံနက် ၉း၅၀ နာရီ ခန့်၌ မီးခိုးများ ပြန်ငြိမ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ညောင်လှရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက နိုဝင်ဘာလ ၂၇ ရက်ညနေပိုင်းတွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုပြီးနောက် တပ်စွဲထားသည်ဟု 
သိရပါတယ်။

ပခုက္ကူမြို့ မြို့မဈေးကြီး အပြင်ဘက်တန်း အနောက်တောင်ထောင့်က ဈေးဆိုင်ခန်းတွေ နိုဝင်ဘာ ၃၀  မနက် ၂ နာရီခွဲအချိန်လောက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သမဝါယမဦးစီးဌာနမှ CDM ဒုဦးစီးမှူး ဦးရဲသူနိုင်ဟာ စစ်ကောင်စီ တပ်တွေက ဖမ်းဆီး ခေါ်ဆောင်ခံရပြီးနောက် ၁၀ ရက်လောက်အကြာမှာ ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မတ္တရာမြို့ခံတွေဆီက သိရပါတယ်။

CDM ဝန်ထမ်း ဦးရဲသူနိုင်ဟာ မိခင်ဖြစ်သူ ကျန်းမာရေးမကောင်းကြောင်း ကြားသိရပြီးနောက်  တိမ်းရှောင်နေရာမှ မတ္တရာမြို့ထဲကို နိုဝင်ဘာ ၁၉ ရက်နေ့ည ၉ နာရီလောက် လာရောက်စဉ် မတ္တရာမြို့လမ်းမကြီးပေါ်မှာ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။

နို၀င်ဘာလ ၂၅ ရက်နေ့ ည ၈ နာရီမှ ၂၉ ရက်နေ့ နံနက်ပိုင်း ၈နာရီအထိ ထန်တလန်မြို့တွင် အိမ် ၂၂၀ မီးလောင်ပြာကျသွားကြောင်း CDF-ထန်တလန် မှ ထုတ်ပြန်ပါတယ်။ဇုန်မွှန်ရပ်ကွက်တွင် ၅၁ အိမ်၊ လုံတီာလ် ရပ်ကွက်တွင် ၃၅ အိမ်နှင့် စိုက်ပျိုးရေးရပ်ကွက်တွင် ၁၂၄ အိမ်တို့ ဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးမြို့ မီးရထားသံလမ်းဘေးရှိ ကျူးကျော်နေအိမ်များအား တစ်ပတ်အတွင်း အပြီးဖယ်ရှား ရှင်းလင်းကြရန် ယမန်နေ့ နိုဝင်ဘာလ ၂၉ ရက် ညက လိုက်လံကြေညာသွားကြောင်း ရထားသံလမ်းဘေး နေထိုင်သူတစ်ဦးထံမှ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသည် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးစည်ပင်နယ်နိမိတ် အတွင်း ကျူးကျော်နေထိုင်သူများအား ဖိအားပေး ဖယ်ရှားရှင်းလင်းနေသော်လည်း မြို့လယ်ခေါင် စီးပွားရေးလုပ်ငန်းရှင်များ၏ လမ်းဘေး ပလက်ဖောင်းပေါ် ကျူးကျော်လုပ်ကိုင်နေခြင်းများကိုတော့ လျစ်လျူရှုထားကြောင်း မန္တလေးမြို့ခံများက ပြောပါတယ်။

တော်လှန်ရေးသပိတ်များ

ဒီကနေ့ မနက်ခင်း  ရန်ကုန်မြို့လယ် ဖရေဇာလမ်းပေါ်မှာ ' Antifascist - Action ' ဆိုတဲ့ဘန်နာကိုင်ဆောင်ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကိုပြုလုပ်ခဲ့ကြပါတယ်။


ရန်ကုန်မြို့ သင်္ဃကျွန်းစံပြဈေးအနီးတွင် တော်လှန်လူငယ်များက ''မတရားတဲ့ အမိန့်မှန်သမျှ အာဏာဖီဆန်ကြ" စာတန်းကို အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်သည့်အနေနှင့် ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြပါတယ်။

ပြည်ပရေးရာ

အာဂျင်တီးနားတရားရုံးမှာရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု့နဲ့တရားစွဲခံထားရတဲ့စစ်ခေါင်းဆောင်တွေကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလ်ကနေတဆင့်ဖမ်းဝရမ်းထုတ်ပြီးဖမ်းဆီးနိုင်ဖို့ဆောင်ရွက်သွားမယ်လို့မြန်မာရိုဟင်ဂျာအသင်းရဲ့တာဝန်ရှိသူတဦးကတွေ့ဆုံမေးမြန်းခန်းတခုမှာပြောဆိုလိုက်ပါတယ်။

ဒါကတော့ဒီကနေ့တနေ့တာသတင်းအနှစ်ချုပ်ပါ။


Related posts

Cover
ငလျင်သင့်ဒေသ များရှိ လူဦးရေ ၄ ဒသမ ၃ သန်းကျော် သန့်ရှင်းသောရေ အရေးပေါ်လိုအပ်နေ
Apr 20, 2025
Cover
ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား
Apr 20, 2025
Cover
နေ့စဉ် ငလျင် ၇ ကြိမ်ထက်မနည်းလှုပ်ခတ်နေ
Apr 19, 2025
Cover
မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်
Apr 11, 2025
Cover
ဝေဖန်မှုများစွာရှိသည့် ပျော်ဘွယ်KBZ bank ဖြေရှင်းချက်ထုတ်ပြန်
Apr 11, 2025
Cover
SMS (စာတို)ပို့ပြီး လိမ်လည်ရန်ကြိုးပမ်းမှုများလာ
Apr 09, 2025
Cover
မြန်မာ့ငလျင်ဘေး အပြင်းထန်ဆုံးကြုံရသူ ၉ ဒသမ ၁ သန်းရှိကြောင်း ကုလဖော်ပြ
Apr 09, 2025
Cover
ပြည်တွင်း အလည်အပတ် ဗီဇာ လျှောက်ထားမှုကို ယာယီရပ်ဆိုင်း
Apr 07, 2025