၁. ကမ္ဘာအရပ်ရပ်ကပြည်သူတွေအပါအဝင် မြန်မာနိုင်ငံမှာအများစုအသုံးပြုနေတဲ့ လူမှု့ကွန်ယက်စာမျက်နှာတခုဖြစ်တဲ့ဖေ့ဘုတ်(ခေါ်)မယ်လ်တာကစစ်ကောင်စီနဲ့ပတ်သက်သမျှကို လူမှု့ကွန်ယက်စာမျက်နှာပေါ်ကဖယ်ရှားမယ်လို့ ကြေညာလိုက်ပါတယ်။
၂. ရွာသား ၁၁ ဦး မီးရှို့သတ်ခံရတဲ့ဒုံးတောရွာမှာ အလောင်း ၁ လောင်းထပ်တွေ့ တဲ့အပြင် ဒုံးတောအပါအဝင် ကျေးရွာ ၈ ရွာက လူ ၅၀၀၀ ကျော် ရွာကိုစွန့်ပြီး တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
၃. ကရင်နီ(ကယား)ပြည်နယ် ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာ မဲ့စလောင်းတောင်ခြေအနီး နာရီဝက်ကြာတိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က သတင်းထုတ်ပြန်ပါတယ်။
၄. တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ သွားရောက်ခြင်းမှ ရှောင်ရှားရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်က သတိပေးချက်ထုတ်ပြန်ပါတယ်။အဆိုပါနေရာများတွင် မပေါက်ကွဲသေးသည့် ဗုံးဆံများနှင့် စစ်ကောင်စီတပ်များက မိုင်းများထောင်ထားခဲ့လေ့ရှိတာကြောင့် ပြည်သူများ မသွားရောက်ကြဖို့ သတိပေးချက်ထုတ်ပြန်ပါတယ်။
၅. ရဟတ်ယာဉ် ပျက်ကျမှုကြောင့် အိန္ဒိယစစ်ဦးစီးချုပ် သေဆုံးသွားကြောင်း အိန္ဒိယလေတပ်က အတည်ပြု ကြေညာလိုက်ပါတယ်။
၆. နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်မှ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၃၁၈ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့မှတ်တမ်းအရသိရပါတယ်။