ထိုင်းနိုင်ငံ ပါကျင်ပူလီခရိုင် ကပင်ပူလီရှိ သတ္ထူစက်ရုံ ဓာတုဆေးကန် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား နှစ်ဦး အပါအဝင် ထိခိုက်ခဲ့တဲ့ အလုပ်သမားတွေ နစ်နာကြေး ရရှိဖို့ အတွက် MHACမဟာမိတ်အဖွဲ့ နဲ့ အတူ သက်ဆိုင်ရာ အေဂျင်စီတို့ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီ ၁၅ မီနစ် အချိန်ခန့်က ကပင်ပူလီရှိ မြန်မာ MOU အလုပ်သမားတွေ လုပ်ကိုင်နေ တဲ့ သတ္ထုစက်ရုံ ဓာတုဆေးကန် ပေါက်ကွဲမှု ဖြစ်စဥ်မှာ မြန်မာအလုပ်သမား အမျိုးသား (၂) ဦး သေဆုံးခဲ့ပြီး (၈) ဦး အနည်းငယ် ထိ့ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှု ဖြစ်စဥ်ဖြစ်ပြီး ညပိုင်း မှာ သေဆုံးသူမိသားစုနဲ့ ထိခိုက်ဒါဏ်ရာ ရ တဲ့ အလုပ်သမားတွေ က အေအေစီကိုရဲမင်း ဦးဆောင်တဲ့ (MHAC) မဟာမိတ်အဖွဲ့သို့ ဆက်သွယ် အကူညီတောင်းလာခဲ့တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင် အတွင်း ထိ့ခိုက်သေဆုံးခဲ့ တဲ့ အလုပ်သမား ကိုသက်ဝေရဲ့ ပကန်ဆံခွန် နစ်နာကြေး မှာ ဘတ် (၁၀၀၀၀၀၀)ကျော် ရရှိနိုင်မှာ မည် ဖြစ်ပြီး ၊သေဆုံးသူကိုမင်းအောင်ရဲ့ နစ်နာကြေးမှာ ဘတ် (၉၀၀၀၀၀)နီးပါး ရရှိနိုင်တယ်လို့ သိရပါတယ်။
၎င်း စက်ရုံ အတွင်း က အလုပ်သမားတွေ အားလုံးလည်း ထိပ်လန့် လျော်ကြေးငွေများ ရရှိနိုင်မှာ ဖြစ်ကာ (MHAC) မဟာမိတ်အဖွဲ့နှင့် စက်ရုံအလုပ်ရုံ အေဂျင်စီ တို့ညှိနှိုင်းဆောင်ရွက် ကူညီပေးမှုကို မိသားစုများမှ သဘောတူ ခွင့်ပြုခဲ့တဲ့ အတွက် လုပ်ငန်းခွင် ထိ့ခိုက်သေဆုံးခဲ့သည့် အလုပ်သမား၏ ကြွင်းကျန် ရုပ်ခန္ဓာကို ကပင်ပူလီ ဘုန်းကြီးကျောင်း မှာ (MHAC) မဟာမိတ်အဖွဲ့ဝင်များ
စက်ရုံအလုပ်ရုံမှ တာဝန်ရှိသူများ ကျန်ရစ်သူမိသားစုဝင်များနှင့် စက်ရုံအလုပ်သမားများ စုပေါင်းပြီး မီးသင်္ဂြိုလ် မှု့များပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။