ပြည်ပနိုင်ငံတွေ မှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမား ဝန်ကြီးဌာန က ဖွင့်လှစ်ထားတဲ့ တိုင်ကြားရေးယန္တရား-အလုပ်သမားဝန်ကြီးဌာန စာမျက်နှာ ကနေ တစ်ဆင့် လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လည်း ထိုင်းနိုင်ငံ အတွင်း ရောက်ရှိ နေတဲ့ မြန်မာအလုပ်သမား တွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး NUGရဲ့ အလုပ်သမား ဝန်ကြီးဌာန ကို ဆက်သွယ် တိုင်ကြားလာတာ တွေ ရှိနေပြီး ကူညီဖြေရှင်းပေး လျက်ရှိတယ်လို့ သိရပါတယ်။
လက်တလော ဖြေရှင်း ကူညီနေမှုများ တွင် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ပတ်စပို့စာအုပ်တွေ ကို ထိုင်းပွဲစားက ယူကာ ဘဏ်စာအုပ်တွေ ပြုလုပ် ပြီး ဘဏ်စာအုပ်တွေ ကို သိမ်းယူတဲ့ အတွက် ဘဏ်စာရင်း ပိတ်ပေးဖို့အလုပ်သမားတွေက အကူညီတောင်းလာရာ မှာ ဘဏ်ရုံးမှာ အမှုတည်ဆောက်ပြီး ဘဏ်စာရင်းအကောင့်တွေ ပိတ်ပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန ရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် အလုပ်သမားတွေ လုပ်အားခ မရတာ၊ MOU နဲ့ တရားဝင် လာရောက်ပေမယ့် လုပ်ငန်းခွင် မဝင်ရသေးတဲ့ အတွက် အလုပ်သမားတွေရဲ့ အကူညီတောင်းခံ တိုင်ကြားလာမှု ဖြေရှင်း ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။